Ep 20

2.6K 154 42
                                    

Ep 20

Uni+Zaw

နှစ်ဖက်ကျွန်းလှေကားကြီး၏ အလယ် ဧည့်ခန်းရှေ့ရောက်တော့ သခင်ကြီး၏ ခြေလှမ်းတို့ရပ်တန့်သွားသည်။

" မင်းအဲ့လောက်တောင် အရေးတကြီးပြောစရာရှိတာဘာလဲ! ပြော! "

သခင်ကြီးသည် အဘိုးအိုအား စိတ်မရှည်စွာမေးလိုက်သည်။

" သခင်ကြီး ဒီ့ထက်ပိုပြီး အချိန်ဆွဲမနေသင့်တော့ဘူး။နက္ခတ်တာရာတွေမစုံလင်သေးဘူးဆိုရင်တောင် ကိုယ်လုပ်စရာရှိတာကိုလုပ်ထားသင့်နေပြီ။သခင်ကြီး အဲ့ကောင်လေးနဲ့ ဘယ်အချိန်ထိ အချိန်ဖြုန်းနေဦးမှာလဲ။ "

အဘိုးအို၏စကားသည် ဒဲ့တိုးဆန်လှသည်။လက်ရှိအခြေနေအပေါ် အမှန်အကန်ဆုံးဝေဖန်သုံးသပ်ပြသည်ဖြစ်၍ သခင်ကြီးအားအရှိုက်ထိစေ၏။

" ငါ့ကိစ္စငါသိတယ်။မင်းပြောစရာမလိုဘူး။ "

" ပြောမှဖြစ်တော့မှာမို့ ကျွန်တော်မျိုးပြောနေရတာပါ သခင်ကြီး။ သခင်ကြီး စံအိမ်ကြီးရဲ့အပေါ်ထပ်ကိုမတက်တော့တာတောင် ဘယ်လောက်ကြာနေပြီလဲ။နေ့တိုင်းအချိန်ပြည့် အဲ့ကောင်လေးဘေးနားမှာပဲ။ အချိန်အခါအခြေအနေကို သခင်ကြီးအသိဆုံးဖြစ်မှာပါ။ "

အဘိုးအိုလည်း ဟန်ဆောင်မြိုသိပ်မထားနိုင်တော့ စိတ်ထဲရှိသမျှတည့်တည့်ပဲပြောချပစ်လိုက်သည်။

" ကျွန်းအို! မင်းစကားတွေသိပ်တတ်နေတယ်ပေါ့ "

အဘိုးအို၏စကားများကြောင့် သခင်ကြီး၏မျက်နှာမှာသိသိသာသာပျက်ယွင်းနေသည်။

" ကျွန်တော်မျိုးစကားတွေက သခင်ကြီးအပေါ်ရိုင်းပျသလိုဖြစ်သွားမယ်ဆိုရင် တောင်းပန်ပါတယ်။ သခင်ကြီးကြိုက်တဲ့အပြစ်ပေးပါ။ကျွန်တော်မျိုးကိုသတ်ပစ်လိုက်ရင်တောင်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး ပြောလက်စနဲ့ဆက်ပြောပါရစေ....... "

" သခင်ကြီး ဒီည အဲ့ကောင်လေးနဲ့အတူမအိပ်ပါနဲ့။ကျွန်တော်မျိုးအပေါ်ထပ်က အခန်းမှာ အကုန်ပြင်ဆင်ထားပြီးပြီ။အရာအားလုံး အဆင်ပြေပြေချောချောမွေ့မွေ့ပြီးဆုံးသွားစေဖို့အတွက် ဆုတောင်းခြင်းအခမ်းအနားကို စတင်လုပ်ဆောင်ပါတော့..... "

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now