Ep 09
Uni+Zaw
" အား!!!! "
စံအိမ်ကြီး၏ပြင်ပသို့ လှမ်းမည့်ခြေလှမ်းသည် လေထဲတွင်ရပ်တန့်သွားရသည်။တစ်ဆက်တည်းမှာပဲ ကြမ်းပြင်သို့ဒူးထောက်ကျ၏။
" အားးး !"
ကျောပေါ်မှတစ်စုံတစ်ခုကိုဆွဲဖယ်ခံလိုက်ရချိန် ဒေါင်းလွမ်းဏီ ဒုတိယအကြိမ်မြောက်စူးစူးဝါးဝါးအော်ဟစ်သည်။ချက်ချင်းနောက်လှည့်မကြည့်ရဲသေး။ဒေါင်းလွမ်းဏီ အလွန်ကြောက်ရွံ့တုန်လှုပ်နေသည်။
"....... "
အရာဝတ္ထုတစ်ခုသူ့ဆီပြေးလာသလို လေတိုးသံသဲ့သဲ့ကိုအကြား ကျောပေးရပ်နေရာမှ မသိစိတ်ရဲ့စေခိုင်းမှုအရ ကိုယ်ကိုအနည်းငယ်စောင်းကာရှောင်းတိမ်းလိုက်သည်။
" .......... "
နာကျင်မှုက ရုတ်တရက်အော်ဟစ်ဖို့ပင်မေ့စေသည်။ပြီးမှ တစ်ကိုယ်လုံးတုန်ယင်စွာဖြင့် သူ့လက်မောင်းတစ်လျှောက် ထိုးစိုက်နေသောအရာကိုဖြေးဖြေးချင်းကြည့်မိသည်။သံသတ္တုဖြင့်ပြုလုပ်ထားသော ချွန်ထက်ပါးလွှာသည့် ဆူးချွန်အမြောက်အများ။လက်မောင်းမှစီးကျလာသော သွေးများသည် လက်ဖျံမှတစ်ဆင့် လက်ချောင်းတို့ကိုကျော်လွန်ပြီး ကြမ်းပြင်ပေါ်သို့တစ်စက်ပြီး တစ်စက်ကျနေသည်မှာ အဆက်မပြတ်။
" ဒေါင်းလွမ်းဏီ "
အေးစက်တည်ငြိမ်လွန်းလှသည့်ခေါ်သံ။သို့ပေမယ့် ကြီးမားသော ဒေါသအဟုန်ကိုသူ့ရင်တွင်းမှခံစားမိသည်။သေမင်းခေါ်သံအလား......။ မဟုတ်ဘူး သေမင်းထက်တောင်ပိုဆိုးသေးသည်။သေမင်းတောင် သူ့လောက်ရက်စက်တတ်မည်မဟုတ်။ မိမိနာမည်ခေါ်ခံလိုက်ရရုံနှင့် အသည်းနှလုံးတို့အစိမ်းလိုက်ဆွဲထုတ်ခံလိုက်ရသလို ကြောက်ရွံ့တုန်လှုပ်ရမည်ဟု ဒေါင်းလွမ်းဏီဘယ်တုန်းကမှမတွေးမိခဲ့။
အသံလားရာဆီဖြေးဖြေးချင်းလှည့်ကြည့်လိုက်တော့ ကျောက်ရုပ်တစ်ခုပမာ မတုန်မလှုပ်ရပ်နေသောသခင်ကြီး။မျက်ခုံးတို့တွန့်ချိုးထားသည်က အဝေးမှပင်ထင်ထင်ရှားရှား လှမ်းမြင်နေရသည်။အသားနာတာထက်ပင် သခင်ကြီး၏ ဒေါသမျက်လုံးများကို ပို၍ကြောက်ရွံ့တုန်လှုပ်သည်။
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...