Ep 15

3.3K 207 42
                                    

Ep 15

Uni + Zaw

Uni

အစတုန်းကတော့ ဒီစံအိမ်ကြီးကနေအမြန်ဆုံးလွတ်မြောက်ချင်ခဲ့သည်။သို့ပေမဲ့ သူ့ခြေထောက်တစ်ဖက်တွင်ရှိနေသော သံခြေချင်းရဲ့ပုံစံတူသော့တစ်ချောင်းကို ခက်ခက်ခဲခဲ ဖန်တီးရရှိပြီးနောက် ဒေါင်းလွမ်းဏီအတွေးစိတ်ကူးတို့ပြောင်းလဲခဲ့သည်။ဒီအတိုင်းထွက်ပြေးလိုက်မယ်ဆိုရင် သူ့အတွက်တရားမျှတမှုဘယ်ရှိပါတော့မလဲ။

တိရစ္ဆာန်တစ်ကောင်လို ဒီစံအိမ်ကြီးထဲမှာပိတ်လှောင်ခံရတာ တစ်နှစ်နဲ့ ၂၉ ရက်တိတိရှိခဲ့ပြီ။ရက်ပေါင်းများစွာ ကျွန်တစ်ယောက်လိုညှဥ်းပန်းနှိပ်စက်ခံခဲ့ရသည်။နာကျည်းမုန်းတီးလွန်းလို့ နေ့ရက်တိုင်းကိုသူ့နှလုံးသားထဲထိစွဲမြဲနေအောင်မှတ်သားထားခဲ့သည်။

မီးဖိုခန်းထဲမှကြေးဇွန်းတစ်ချောင်းကိုအရည်ကျို အသက်နဲ့ရင်းပြီးခက်ခဲစွာရယူပြုလုပ်ထားသော သော့ပုံသဏ္ဍာန်မိုခွက်ထဲသို့လောင်းထည့်ပြီးချိန် ရရှိလာတဲ့နောက်ဆုံးရလဒ်က ဒေါင်းလွမ်းဏီအတွက်လွတ်မြောက်ခြင်းရဲ့အလင်းရောင်လေးပင်။

သို့ပေမဲ့နှစ်ဖက်ကျွန်းလှေကားကြီးကနေအပေါ်ထပ်ရှိရာသို့ မော့ကြည့်မိလေတိုင်းထိတ်ထိတ်ပျာပျာဖြစ်နေတဲ့အဖိုးအို။နောက်ပြီး တစ်ပတ်ဆယ်ရက်ကြာသည်အထိ အောက်ထပ်ကိုလုံးဝဆင်းမလာတဲ့ သခင်ကြီး။အိပ်မပျော်တဲ့ ညဘက်သန်းခေါင်ယံအချိန်တွေမှာ ကြားရတဲ့အပေါ်ထပ်ဆီမှ ခြေသံပြင်းပြင်းတွေ။ရှပ်တိုက်သွားလာသံတွေ။ဘယ်လိုပဲတွေးတွေး မသင်္ကာစရာကောင်းတာအမှန်။

ဒါ့ထက်စံအိမ်ကြီးထဲမှာရက်ပေါင်းများစွာ ပိတ်လှောင်ခံခဲ့ရတဲ့ ဒေါင်းလွမ်းဏီအဖို့ ယင်းမသင်္ကာစရာအချက်တွေသည် သခင်ကြီးရဲ့ အားနည်းချက်ပျော့ကွက်တွေဖြစ်နေလိမ့်မည်ဟု စိတ်မနောမှအတပ်သိနေသည်။

ဒီအတိုင်းလွယ်လွယ်လေးထွက်ပြေးခဲ့မည်ဆိုပါလျှင် သူခံစားနာကျင်ခဲ့ရသမျှအတွက်ဘယ်လိုမှဖြေဖျောက်နိုင်မည်မဟုတ်။သူ့အတွက်တရားမျှတမှုကို သူကိုယ်တိုင်ဖန်တီးမည်။တစ်ရက်တစ်မနက်မဟုတ် ​နေ့ရက်ပေါင်းများစွာသေလုမတတ်နာကျင်ခံစားခဲ့ရသည်။ဒီ့အတွက်တန်ပြန်လက်စားချေခြင်းကို သူ့လက်နှင့်သူကိုယ်တိုင်တုံ့ပြန်မည်။

သခင်ကြီးနှင့်စံအိမ်တော်Où les histoires vivent. Découvrez maintenant