Ep 03

4.8K 295 13
                                    

Ep 03

Uni+Zaw

Uni

အဆုံးမရှိဘူးဟုထင်ရလောက်အောင် ကြီးမားကျယ်ပြန့်သောကွင်းပြင်ကြီးဆိုပေမယ့် ဘာမှမရှိသောလွင်တီးခေါင်တော့မဟုတ်။စိမ်းစိုအုပ်ဆိုင်းနေသော သစ်ပင်များနှင့်ထူထပ်သော ချုံနွယ်များကြောင့်တောအုပ်ကြီးသဖွယ်ဖြစ်နေသည်။ထိုတောအုပ်ကြီးအလယ်တွင် မီးရောင်များဖြင့်ထိန်လင်းနေသော စံအိမ်ကြီးသည် လှပခမ်းနားစွာတည်ရှိနေလေသည်။

စံအိမ်ကြီးဆီမရောက်ခင် စမ်းချောင်းလေးတစ်ခုနှင့် တံတားတစ်စင်းကို ဒေါင်းလွမ်းဏီ ခပ်ဝါးဝါးလှမ်းမြင်ရသည်။ဤနေရာတွင် ခပ်ဝါးဝါးသာမြင်ရသည့် အကြောင်းမှာ ထိန်လင်းနေသောမီးရောင်များသည်စံအိမ်ကြီးဆီမှအပ ကျန်နေရာများတွင်မှောင်မဲတိတ်ဆိတ်နေသောကြောင့်ဖြစ်သည်။စံအိမ်တော်အတွင်း ထွန်းညှိထားသော မီးရောင်များ၏ထင်ဟပ်မှုကြောင့်သာ ဒေါင်းလွမ်းဏီခပ်ရေးရေးအကဲခတ်နိုင်ခြင်းဖြစ်သည်။

ထူးဆန်းသော ပတ်ဝန်းကျင်ကိုအံ့သြနေမိသော်လည်း ဒီတစ်ညတော့ သူ့ရှေ့တွင်မြင်တွေ့နေရသော စံအိမ်ကြီးတွင်ပဲ အကူညီတောင်းအနားယူအိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။ခြေထောက်မှ ဒဏ်ရာများသည်လည်း တစ်စထက်တစ်စ အအေးဓာတ်ပိုကဲလာပြီဖြစ်သော ညဦးပိုင်းကြောင့် ပြင်းပြင်းထန်ထန်နာကျင်ကိုက်ခဲလာသည်။

ခြေဖဝါး၌စည်းထားသော ပဝါကိုဖြတ်ပြီး သွေးများ တစ်စက်ပြီးတစ်စက် စိမ့်ထွက်စီးကျနေမှုကိုလည်း ဒေါင်းလွမ်းဏီခံစားရသည်။နာကျင်ပင်ပန်းနေမှုကို အံတုကြိတ်မှိတ်ရင်းစံအိမ်ကြီးရှိရာသို့ လျှောက်လာခဲ့လိုက်သည်။

ဒေါင်းလွမ်းဏီရပ်နေသော နေရာမှ စံအိမ်ကြီးအထိသည် အတော်လှမ်းသည်ပြောရမည်။စမ်းချောင်းလေးကိုဖြတ်၍ တည်ဆောက်ထားသောတံတားဆီကိုပင် အတော်ကြာလျှောက်လိုက်ရသည်။ကျောက်တုံးများကြား တသွင်သွင်စီးဆင်းနေသော ရေစီးသံကိုကြားရသည်။ခိုင်ခံ့သော သစ်သားတံတားလေးသည် သေချာဆောက်လုပ်ထားဟန်ပေါ်သည်။ ဂငယ်လေးသဖွယ် ခပ်ခုံးခုံးတံတားပုံစံလေးကို အမှောင်ထဲ၌ သူမြင်တွေ့ရသည်။

သခင်ကြီးနှင့်စံအိမ်တော်حيث تعيش القصص. اكتشف الآن