Ep 32
Uni+ZawUni
" ဘယ်လိုစကားပြောလိုက်တာလဲ စပ်ခေါင်ထီရာဇ်။အခုမှ မင်္ဂလာပွဲကိုလက်မခံနိုင်ဘူးဆိုတာ ဖြစ်သင့်လား။ "
သခင်ကြီးသည် စပ်ခေါင်ထီရာဇ်ကြောင့် အကြီးအကျယ်ဒေါသထွက်နေ၏။
" သားတော်ပဲ မယ်မယ်နဲ့ ခမည်းတော်တို့ သဘောတူကြည်ဖြူတဲ့မိန်းကလေးနဲ့လက်ထပ်ထိမ်းမြားပါ့မယ်ဆို...။သားကိုယ်တိုင်ပဲပြောခဲ့တာလေ။ "
ရုတ်တရက်ပြောင်းလဲသွားသော စပ်ခေါင်ထီရာဇ်အား သခင်မကြီးကိုယ်တိုင်လည်း နားမလည်နိုင်ဖြစ်ရသည်။
" ကျွန်တော် အတွေးတိမ်သွားခဲ့တာ။ကိုယ်မချစ်တဲ့သူကိုတစ်ဘဝလုံးလက်တွဲသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။မယ်မယ်နဲ့ ခမည်းတော်ကို ကျွန်တော်တောင်းပန်ပါတယ်။ "
" ဒီမယ် စပ်ခေါင်ထီရာဇ်! ငါ မင်းကိုနောက်ဆုံးအကြိမ်ပြောမယ်။အခုချက်ချင်း ဆုံးဖြတ်ချက်ကိုပြင်ပြီး မင်္ဂလာပွဲကိုလက်ခံလိုက်... "
" ကျွန်တော် ငြင်းပါရစေ။ ဒီအတွက်လည်း ခမည်းတော်ကြိုက်တဲ့အပြစ်ပေးပါ။ကျေကျေနပ်နပ်နဲ့ခံယူဖို့အသင့်ပါ။ "
" မင်း! "
' ခွပ် '
စပ်ခေါင်ထီရာဇ်မျက်နှာပေါ် အားပြင်းသော လက်သီးချက် ကျရောက်သွား၏။
မွေးကတည်းက တစ်ကြိမ်တစ်ခါလေးတောင် ရိုက်နှက်ဆုံးမခြင်းမရှိခဲ့ဖူးသော်လည်း ဒီတစ်ကြိမ်တော့ သားဖြစ်သူအားအတော်လေးဒေါသထွက်မိသည်။" ခမည်းတော် ကျေနပ်တဲ့အထိ ထိုးပါ။ ရိုက်ပါ။ မင်္ဂလာပွဲကို ကျွန်တော် လုံးဝလက်မခံနိုင်ပါဘူး။ "
" မင်း! "
စိတ်ဆိုးဒေါသထွက်မှုက အထွတ်ထိပ်ရောက်သွား၍ နောက်တစ်ကြိမ်လက်သီးနှင့်ရွယ်လိုက်တော့.....
" မလုပ်ပါနဲ့ရှင်..... စိတ်လျှော့ပါနော်။ကြည့်ပါဦး သားတော် မျက်နှာမှာလည်း သွေးထွက်နေပြီ။ "
မိခင်ဖြစ်သူက သားဖြစ်သူရှေ့ ဝင်ရောက်ကာကွယ်၏။
" ရှေ့ကနေ အခုချက်ချင်းဖယ်!! "

YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...