Ep 26
Uni+Zaw
" ဘာဖြစ်နေကြတာလဲ "
အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်နေသော အခြေအနေသည် သြဇာတိက္ကမအရှိန်အဝါအပြည့်နှင့် အသံ၏လွှမ်းမိုးမှုကြောင့် ငြိမ်ကျသွားလေသည်။
ဖြေးဖြေးမှန်မှန်ထက်ပိုစွာ လျှောက်လာသောခြေလှမ်းများတွင် အားလုံးအလျှိုလျှိုခေါင်းငုံ့သွားကြသည်။
" ဘာဖြစ်ကြတာလဲ "
" ဒီကောင်မလေးကို သူ့လည်စည်းပဝါကအနီရောင်ဖြစ်နေလို့ လဲခိုင်းနေတာပါ သခင်လေး။အရင်ရက်ကတည်းကပြောထားပါတယ်။ "
သခင်လေးပုံစံက အနည်းငယ်ဒေါသထွက်သယောင်ဖြစ်နေ၍ ခေါင်အာအမျိုးသမီးကြီးသည် စိုးရိမ်ပူပန်သွားသည်။
စပ်ခေါင်ထီရာဇ်သည် ဒိလုံခဘက် လှည့်လိုက်၏။
" မင်းက အနီရောင်ကြိုက်လို့လား "
ညင်သာနူးညံ့သည်ဟု မဆိုသာပေမဲ့ စပ်ခေါင်ထီရာဇ်၏အမေးသည် အစောပိုင်းကနှင့်တော့ ကွဲပြားခြားနားတာအမှန်။
" အဖြူရောင်က လျှော်ထားတာမခြောက်သေးလို့ပါ။နေ့လယ်ကျလဲလိုက်ပါ့မယ်။ "
" သူနေ့လယ်ရောက်ရင် လဲပါလိမ့်မယ်။အတင်းအကျပ်ဖိအားပေးခိုင်းစေတာတွေ ကျွန်တော်မကြိုက်ဘူး။ "
အကုန်လုံးလည်းခေါင်းငုံ့ကာ တိတ်ဆိတ်ငြိမ်သက်နေကြ၏။သခင်လေးစပ်ခေါင်ထီရာဇ် ဒေါသထွက်နေမှန်းရိပ်စားမိကြသည်။
ထို့နောက်စပ်ခေါင်ထီရာဇ်သည် ဒိလုံခရှိရာသို့ မျက်နှာမူလိုက်ပြီး-
" မင်း အနီရောင်ကြိုက်တယ်ဆိုရင် ဝတ်လို့ရပါတယ်။ကိုယ်ခွင့်ပြုတယ်။ "
စပ်ခေါင်ထီရာဇ်စကားတွင် အားလုံးပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ခေါင်အာအမျိုးသမီးကြီးသည် သိသိသာသာမျက်နှာပျက်ယွင်းသွားသော်လည်း စပ်ခေါင်ထီရာဇ် စကားကိုမလွန်ဆန်နိုင်ပေ။
××××××××××××××
မနက်ကအဖြစ်အပျက်သည် အလုပ်သမားမိန်းကလေးများကြား ပြောမဆုံးနိုင်အောင်ပွက်လောရိုက်သွားသည်မှာ ညနေအလုပ်သိမ်းလို့မိမိတို့နားနေရာအခန်းပြန်ရောက်သည်အထိပင်။
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...