Ep 05
Uni+ Zaw
Uni
ကြီးမားသော အနီရောင်ကော်ဇောလွှာကြီးတစ်ခု ခင်းထားသည့်အလား။နီရဲစွတ်စိုနေသော ပန်းခင်းကြီးတစ်ခုသည် စံအိမ်ကြီး၏ အိမ်ရှေ့မျက်နှာစာမှာ။မနေ့ညက မှောင်နေတာရော၊ လူကလည်းပင်ပန်းပြီး ဒဏ်ရာဆီသာ စိတ်ရောက်နေသောကြောင့် သတိမထားမိခဲ့။မျက်စိရှေ့မြင်နေရသော အနီရောင် ပန်းခင်းကြီးဆီ ဒေါင်းလွမ်းဏီ အပြေးသွားလိုက်သည်။ညနေဆည်းဆာအရောင်က ပန်းခင်းကြီးကိုပို၍ နီရဲတောက်ပနေဟန်။
မြေပြင်မှတစ်တောင်ခွဲခန့်ရှိသော ရိုးတံစိမ်းစိမ်းပေါ်တွင် နီရဲတောက်နေသော ပွင့်ချပ်သေးသေးရှည်ရှည်လေးများသည် တစ်ခုနှင့်တစ်ခုလိမ်ကောက်ယှက်နွယ်နေကြသည်။ပွင့်ချပ်လေးများ၏ ဘေးဘက်တွင်အနီရောင်ရိုးတံများက ဝန်းရံခယနေကြသည်။ထိုရိုးတံလေးများ၏ ထိပ်ဖူးတွင် ဆူးပုံစံအချွန်လေးကိုလည်း တွေ့ရသည်။
ကြည့်နေရင်း ကြည့်နေရင်းနှင့်ပင် ပန်းပွင့်လေးများက သူ့အားညှို့ယူနေသလို ခံစားမိသည်။ဒီအရပ်၊ ဒီဒေသမှာ အရင်ကမတွေ့ဖူးသည့် သာမန်ပန်းကလေးတစ်ပွင့်ဖြစ်သော်ငြား ဒေါင်းလွမ်းဏီအသည်းနှလုံးတို့သည် ပြင်းပြင်းထန်ထန်လှုပ်ရှားခုန်ပေါက်လာသည်။ခပ်ရင့်ရင့်နေရောင်ဆည်းဆာ အောက်မှာ လွင့်နေသော အနီရောင်ပန်းခင်းကြီးကိုကြည့်မိချိန် ဒေါင်းလွမ်းဏီအသက်ရှုရ ခက်ခဲလောက်အောင်ထိ တုန်ယင်မောဟိုက်လာသည်။
လူတစ်ကိုယ်လုံးကို မလှုပ်နိုင် မရုန်းနိုင်လောက်အောင် ဆွဲငင်ညှို့ယူထားသော ပွင့်ဖတ်လေးများဆီ တဆတ်ဆတ်တုန်ယင်နေသော လက်နှင့်အသာလှမ်းလိုက်သည်။
" အာ့!! "
လက်ကောက်ဝတ်ပေါ်သို့ အားပြင်းသောထိတွေ့သက်ရောက်မှုတစ်ခု။
" ပန်းတွေက အဆိပ်ရှိတယ် မထိနဲ့ "
သခင်ကြီးသည် ဒေါင်းလွမ်းဏီ လက်ကောက်ဝတ်တစ်ဖက်ကို အားဖြင့်ဆွဲကိုင်မြှောက်ထားလိုက်သည်။
" ထိမှမဟုတ်ဘူး၊ အနီးကပ်ကြာကြာကြည့်မိရင် မူးတတ်တယ် "
" ဟုတ်.... ဟုတ်ကဲ့ "

ANDA SEDANG MEMBACA
သခင်ကြီးနှင့်စံအိမ်တော်
Fiksyen Umumညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...