Ep 30 🚨🚨

3.2K 79 2
                                    

(18+Warning)‼️‼️

Ep 30

Uni+Zaw

" ဘာ! ရွာပြန်သွားတယ်ဟုတ်လား "

သူ့ကိုလည်း တစ်ခွန်းမှမပြောပါဘဲ ရုတ်တရက်ကြီး ရွာပြန်သွားသည်ဆိုသောကြောင့် စပ်ခေါင်ထီရာဇ်ဒေါသထွက်မိသည်။

" ဘယ်အချိန်ထွက်သွားတာလဲ "

" ဒီမနက် အရုဏ်တက်မှာပဲ သခင်လေး "

" ဘယ်သူ့ကိုမှမပြောမဆိုနဲ့ အဲ့လိုသွားရလား။ ထီအာလေးက 'ခ' ကိုမေးနေရင်ဘယ်လိုလုပ်မှာလဲ။ "

" ထီအာလေးနဲ့ သခင်မကြီးကိုသေချာပြောသွားပါတယ် သခင်လေး "

" ဒါဆို သူ့တစ်ယောက်တည်းကိုပဲ အသိပေးမသွားတာပေါ့ ကျစ်!! "

" ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြန်သွားရတာလဲ "

" ခခ ရဲ့ အဘအသည်းအသန်နေမကောင်းဖြစ်နေတယ်လို့ပြောပါတယ် သခင်လေး "

အဲ့လိုဆိုရင်လည်း သူကိုယ်တိုင်လိုက်ပို့မှာပေါ့။ဘယ်လိုပဲဖြစ်ဖြစ် သူဟာ 'ခ' အတွက် သာမန်ထက်အရေးပါတဲ့သူတစ်ယောက်ဖြစ်နေပြီလေ။သူနဲ့ 'ခ' ရဲ့ဆက်ဆံရေးအရ တစ်ခုခုအခက်ခဲရှိခဲ့ရင် သူ့ကိုပဲ အရင်ဦးဆုံးပြောပြရမှာမဟုတ်ဘူးလား။ကိုယ်ချစ်မြတ်နိုးရသူရဲ့ အခက်အခဲမှန်သမျှကိုအသေးအမွှားလေးကအစ ဖြေရှင်းပေးချင်တာ သူလွန်တယ်မထင်။

" ဘာများခိုင်းစရာရှိပါသေးလဲ သခင်လေး "

" ရပြီ။ သွားလို့ရပြီ။ "

အထိန်းတော်ကြီး ဒေါ်ခတ္တာလည်း စပ်ခေါင်ထီရာဇ် မျက်နှာမကောင်းမှန်းသိ၍ နေရာမှမြန်မြန်ထွက်လာလိုက်သည်။

အထိန်းတော်ကြီး ဒေါ်ခတ္တာ၏ ပြောစကားအရ နှစ်ရက်၊သုံးရက်ခန့်ကြာမည်ဆိုပေမဲ့ အခုက 'ခ' ရွာပြန်သွားတာ နှစ်ပတ်ပြည့်တော့မည်။သူနဲ့မတွေ့ချင်တော့လို့ အကြောင်းပြချက်ပေးပြီး စံအိမ်တော်ကနေ အပြီးထွက်သွားတာလား။စိုးရိမ်ပူပန်မှုက လူကိုငေါက်ခနဲထထိုင်စေသည်။

'ခ' မကြိုက်တာတစ်ခုခုလုပ်မိလေသလား။သူ့အပေါ်မကျေနပ်ချက်အစိုင်အခဲများရှိနေ၍လား။ဒါဆိုရင်လည်း သူကိုယ်တိုင်ဖြေရှင်းပြေလည်မှဖြစ်မည်။စိတ်ဆိုးနေတာရှိရင်လည်း ကျေနပ်တဲ့အထိ တောင်းပန်မည်။'ခ' သူ့အနားမှာရှိနေဖို့ စပ်ခေါင်ထီရာဇ်ဘာမဆို လုပ်မည်ဖြစ်သည်။

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now