Ep 17
Uni + Zaw
Uni
ဦးနှောက်၏ စေ့ဆော်မှုကြောင့် ဖြည်းဖြည်းချင်းအားယူကာ မျက်ခွံတို့ကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် မျက်နှာကြက်တစ်ခုက ဆီးကြိုနေသောကြောင့် စံအိမ်ကြီးတွင်ပဲရှိနေမှန်းဒေါင်းလွမ်းဏီ သိလိုက်ရသည်။တကယ်ဆို ကောင်းကင်ဘုံပဲဖြစ်ဖြစ်၊ ငရဲဖြစ်ဖြစ် တစ်ခုခုကိုရောက်နေရမှာမဟုတ်ဘူးလား။
အခုတော့ ဒီမိစ္ဆာစံအိမ်ကြီး၏ အခန်းတစ်ခုတွင်လဲလျောင်းနေရသည်။
'ဒေါင်းလွမ်းဏီ မင်း ဒီလောက်ထိအသက်ပြင်းရသလား!!'
အသက်ရှင်လျှက်ရှိနေသည့် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲမိသည်။မိုးသဲနေခဲ့တဲ့ ထိုနေ့ညက သေခြင်းတရားကို လွတ်မြောက်ခြင်းအဖြစ် သူကိုယ်တိုင် လက်ကမ်းကြိုခဲ့သည်။ဓားနဲ့သုံးချက်တိတိ ထိုးလိုက်တာတောင် အကောင်းပကတိရှိနေသော သခင်ကြီးသည် လူစင်စစ်မဟုတ်တော့ မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်သည်။
ယင်းမကောင်းဆိုးဝါးနှင့်ယှဥ်ပြိုင် တိုက်ခိုက်ဖို့ သူအနေနဲ့ခွန်အားချင်းမမျှကြောင်းကိုလည်း အကြိမ်ဖန်များစွာ နားလည်ခဲ့သည့်ကြားမှ ယခုတစ်ခေါက်တွင်တော့ သူကိုယ်တိုင်နားလည်လက်ခံသွားခဲ့ပြီဖြစ်သည်။ဒီကစားပွဲမှာ သူဟာအစကတည်းက ရှုံးနိမ့်ခဲ့ပြီးသားဖြစ်သည်။
ပါးပြင်ထက်သို့မျက်ရည်များလိမ့်ဆင်းကျလာသည်။ဘာကြောင့်များသူသည် ရက်စက်မှုတွေပြည့်နေတဲ့ စံအိမ်ကြီးမှာ ပိတ်လှောင်ခံထားရပါသလဲ။
အကြိမ်ပေါင်းများစွာမေးခဲ့သောမေးခွန်းတွင် အဖြေကိုလည်းမသိချင်တော့။သူ့အား အကြောင်းမဲ့ ညှဥ်းပန်းနှိပ်စက်နေသော သခင်ကြီးနှင့် အားပေးအားမြှောက်ကူညီနေသော အဘိုးအို။ ထွက်ပြေးလွတ်မြောက်ရာလမ်းမရှိသည့် ကြောက်စရာကောင်းလှသော စံအိမ်ကြီး။
စံအိမ်ကြီးထဲသို့ပထမဦးဆုံးခြေလှမ်းစတင်ဝင်ရောက်ခဲ့သော အခိုက်အတန့်ကိုပြန်မြင်ယောင်မိသည်။ထို့နောက် ဒေါင်းလွမ်းဏီ ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။မျက်ရည်များနှင့် ငိုကြွေးသံများက စံအိမ်ကြီးထဲတွင် ပဲ့တင်ထပ်၏။
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...