Ep 36

1.4K 102 18
                                    

Ep 36

Uni+Zaw

ထွက်ပြေးဖို့ကြိုးစားတာနဲ့ ယော်နွမ်တစ်ရွာလုံးကိုမီးလောင်တိုက်သွင်းပစ်မည်ဟု ပြောလိုက်သည့်နေ့မှစ၍ ဒေါင်းလွမ်းဏီသည် စပ်ခေါင်ထီရာဇ် ကြိုးဆွဲရာကနေရသောရုပ်သေးရုပ်တစ်ရုပ်ဖြစ်ခဲ့သည်။စပ်ခေါင်ထီရာဇ်အနားတွင်အချိန်ပြည့်နေရသည်။အိပ်ရာတစ်ခုတည်းမှာပဲ အတူအိပ်စက်ရသည်။

ရာသီဥတုသာယာသော နေ့ရက်များတွင်ရံဖန်ရံခါ အနီရောင်ပန်းခင်းကြီးရှိရာခြံထဲလမ်းဆင်းလျှောက်တာမျိုးနှင့် အနီးနားတောအုပ်အတွင်းရှိ ရေတံခွန်ဆီအတူသွားကြသည်မှလွဲ၍ စံအိမ်ကြီးထဲတွင်သာအချိန်ကုန်ဆုံးလေသည်။စပ်ခေါင်ထီရာဇ်နှင့်အတူ ရှိနေရခြင်းသည် ဒေါင်းလွမ်းဏီအတွက်တော့ စက်ဆုပ်စရာပင်။မတတ်သာသည့်အခြေအနေမလို့သာ.....။

အခုလည်းညကြီးမိုးချုပ် အတင်းဆွဲခေါ်လာပြန်သည်။ဝရံတာမှနေ အဆင့်ဆင့်ကျော်ခွတက်ပြီးနောက် စံအိမ်တော်ကြီး၏ ခေါင်မိုးပေါ်သို့ရောက်ရှိသည်။စပ်ခေါင်ထီရာဇ်သည် ဒေါင်းလွမ်းဏီအား သူ့ဘေးတွင် အတူထိုင်စေသည်။

" ကျုပ်ကို ဘာလုပ်ဖို့ ဒီနေရာကိုခေါ်လာရပြန်တာလဲ "

" မမှတ်မိတော့ဘူးလား။ ဒီနေရာလေးမှာ ကိုယ်တို့အတူစကားတွေအများကြီးပြောဖူးတယ်။ ဝိုင်လည်းအတူသောက်ဖူးတယ်။အဲ့တုန်းကလည်း အခုလိုပဲ ကောင်းကင်မှာကြယ်တွေအများကြီးပဲ။ "

( AN/ ep 29 မှာပါ....)

" မမှတ်မိဘူး။ ခင်ဗျားနဲ့ပတ်သက်ပြီးမှတ်မိတာဆိုလို့ ကျုပ်ညီမကိုသတ်တဲ့ လူသတ်သမား မကောင်းဆိုးဝါးဆိုတာပဲ။ "

စပ်ခေါင်ထီရာဇ်၏ မျက်ဝန်းများသည် ငေးမှိုင်ကျသွား၏။

" ကျုပ်ကို ဘေးနားမှာထားပြီး တစ်ချိန်လုံးစောင့်ကြည့်နေရလောက်တဲ့အထိ ခင်ဗျားတို့အကြံအစည်တွေမအောင်မြင်မှာ သိပ်စိုးရိမ်နေတယ်ပေါ့။ဒီလောက်နှစ်တွေအများကြီး ရှင်သန်နေထိုင်ခဲ့ပြီးပြီပဲ။မကျေနပ်နိုင်ကြသေးဘူးလား။ ကျုပ်ကိုယဇ်ပူဇော်ပြီး ယုတ်ညံ့တဲ့ အောက်လမ်းနည်းနဲ့ ထာဝရရှင်သန်ခြင်းကိုရယူဦးမယ်ပေါ့။ "

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now