Ep 42
Uni+Zaw
သုံးနှစ်တိတိကြာခဲ့ပြီဖြစ်သော်လည်း ဒိလုံခ၏အရိပ်ယောင်မျှပင်မတွေ့ခဲ့ချေ။ဘာသတင်းအစအနမှလည်း မကြားရ။အစွမ်းကုန်မြေလှန်ရှာခဲ့သော်လည်း ဒိလုံခသည် ခြေရာဖျောက်ကောင်းနေ၏။မွေးရပ်မြေ ယော်နွမ်ကျေးရွာကိုလည်းမပြန်ဘဲ ကိုယ်ယောင်ဖျောက်သွားခဲ့သည်မှာ သဲလွန်စ တစ်ခုတလေတောင် မကျန်ခဲ့ပေ။
ကနဦးအချိန်ကာလများတွင် စံအိမ်တော်ကိုပြန်လည်မွမ်းမံတည်ဆောက်နေရတာရော၊ ဒိလုံခကို အသည်းအသန်ရှာနေတာရောကြောင့် 'မြွေနတ်အရှင်သခင်မ' ၏ကျိန်စာကိုမေ့လျော့နေခဲ့သည်။
စပ်ခေါင်ထီရာဇ်သည် အသက် ၃၃ နှစ်ပြည့်သည့်နှစ်တွင် 'မြွေနတ်အရှင်သခင်မ' ထံနောက်ဆုံးအကြိမ်အဖြစ် ယဇ်ပူဇော်ဆက်သခြင်းကို လုပ်ဆောင်ရမည်ဖြစ်သော်လည်း ပျက်ကွက်ခဲ့ပြီးဖြစ်သည်။ဒိလုံခသည် စံအိမ်တော်နှင့်ခေါင်အာကျေးရွာကိုမီးမရှို့ခင် ထိုမိန်းကလေးအားလွှတ်ပေးခဲ့သည်။
အသက် ၁၃ နှစ်မှစ၍ ၃၃နှစ်အထိ 'မ' ဂဏာန်းအသက်ခုနှစ်ကိုရောက်တိုင်း 'မြွေနတ်အရှင်သခင်မ' ၏အစေခံအဖြစ် မွေးဖွားလာတဲ့မိန်းကလေးကိုရှာပြီး မပျက်မကွက်ယဇ်ပူဇော်ရမည်ဆိုသော စည်းမျဥ်းအားချိုးဖောက်ခဲ့မိပြီဖြစ်သည်။
ပျက်ကွက်ခဲ့ပါက ဖခင်ဖြစ်သူသည် ၁၃ ရက်အတွင်းသေဆုံးပြီး မိခင်သည်တစ်သက်လုံးရူးနှမ်းသွားမည်။ထိုအချက်ကတော့ ယဇ်ပူဇော်ဖို့ မပျက်ကွက်ခင်ကတည်းက ခမည်းတော်ရော၊ မယ်တော်ရော သေဆုံးသွားပြီဖြစ်၍ မထူးဆန်းတော့။ထူးဆန်းသည်က တတိယမြောက်အချက်ပင်။ကာယကံရှင်သည် မမျှော်လင့်ထားတဲ့အဆိုးရွားဆုံးကျိန်စာ၏ သက်ရောက်မှုကိုခံစားရမည်ဟူ၍။သို့ပေမဲ့ သုံးနှစ်ဆိုသောအချိန်သာ ကျော်လွန်ကုန်ဆုံးသွားသည် စပ်ခေါင်ထီရာဇ်သည် အကောင်းပကတိရှိနေဆဲပင်။
မယ်တော်နှင့်ခမည်းတော်တို့ ယုံကြည်နေသောကိစ္စရပ်များသည် တကယ်ရောဟုတ်ရဲ့လားဟူ၍ စပ်ခေါင်ထီရာဇ်သံသယဝင်လာမိသည်။
သို့ပေမဲ့ ထိုသံသယများသည် တစ်ခုသောနေ့တွင်စတင်ကွယ်ပျောက်ခဲ့ရလေသည်။စပ်ခေါင်ထီရာဇ်သည် အနီရောင်ကိုကြောက်ရွံ့မုန်းတီး၏။ငယ်စဥ်ကတည်းကမြင်တွေ့ခဲ့ရသော သွေးရောင်လွှမ်းသည့် မရှုမလှပုံရိပ်များက စပ်ခေါင်ထီရာဇ်အား အနီရောင်ကိုသွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်စေ၏။သို့ဖြစ်၍ စံအိမ်တော်တွင် အနီရောင်နှင့်ပတ်သက်သမျှတစ်ခုတလေတောင် မရှိစေသော်လည်း တစ်ရက်တွင်ထူးဆန်းအံ့သြဖွယ်ကိစ္စရပ်တစ်ခုဖြစ်လာခဲ့သည်။
![](https://img.wattpad.com/cover/316548056-288-k255905.jpg)
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...