Episode 22
Uni+Zaw
( A/N : ဒီအပိုင်းကစပြီး သခင်ကြီးနဲ့ဒေါင်းလွမ်းဏီရဲ့ Flash Back အခန်း စပါပြီနော်💛)လွန်ခဲ့သော နှစ်ပေါင်းများစွာကဖြစ်သည်။
မြန်မာနိုင်ငံ၏ မြောက်ဖျားဆုံးအပိုင်းတောင်ပေါ်ဒေသတစ်ခုတွင် လူမျိုးစုကြီးတစ်ခုဖြစ်သည့် 'ခေါင်အာ' တိုင်းရင်းသားမျိုးနွယ်စုတစ်ခုရှိခဲ့သည်။ခေါင်အာလူမျိူးတို့သည် ထိုနယ်မြေဒေသတွင် အလွန်သြဇာအာဏာကြီးမား၏။ဘိုးဘေးဘီဘင်လက်ထက်ကတည်းက စည်းစိမ်၊ဥစ္စာ လွန်စွာမှပေါကြွယ်ဝလေသည်။ခေါင်အာလူမျိုးတို့သည် တသီးတသန့်နေတတ်ကြပြီး ခေါင်အာလူမျိုးတို့၏ ခေါင်းဆောင်အရှင်သခင် သခင်ကြီးနှင့်သခင်မကြီး မိသားစုသည် နွေးထွေးကြင်နာကာ ခေတ်ပညာတတ်များဖြစ်ကြ၍ အနီးနားပတ်ဝန်းကျင်ရှိ လူမျိုးစုနှင့်ကျေးရွာများကပင် လေးစားချစ်ခင်ကြလေသည်။အရှိန်အဝါကြီးမားမှုနှင့် မှန်ကန်ပြတ်သားသည့် သြဇာအာဏာ အင်အားကြီးမားမှုကိုလည်း ကြောက်ရွံ့ရိုသေကြသည်။
တောင်ကုန်း တောင်တန်း တို့ပတ်လည်ဝန်းရံထားသော အလယ်တွင် " ဇာမဏီထီရာဇ် " စံအိမ်တော်ကြီးသည် ခမ်းနားထည်ဝါစွာတည်ရှိလေသည်။ခေါင်အာလူမျိူးတို့၏ ခေါင်းဆောင်အရှင်သခင်.... သခင်ကြီးနှင့်သခင်မကြီးတို့မိသားစုနေထိုင်ရာ စံအိမ်တော်ကြီးဖြစ်သည်။
ခေါင်အာလူမျိုးတို့၏ အထိမ်းအမှတ်သားဖြစ်သည့် ပျံသန်းနေသော ဇာမဏီငှက်ရုပ်ပုံအား စံအိမ်တော်၏အရှေ့မျက်နှာစာတွင် ခမ်းနားထည်ဝါစွာ ထုဆစ်ထားလေသည်။ထိုဇာမဏီငှက်၏ နှုတ်သီးနှင့်အောက်ခြေပိုင်းမှ ရေပန်းများစွာလှပစွာဖြာထွက်နေသည်မှာ ရေတံခွန်ငယ်လေးသဖွယ်လှပတင့်တယ်နေ၏။
" ဇာမဏီထီရာဇ် " စံအိမ်တော်ကြီးတွင် ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေကြသည်။အကြောင်းမှာ စံအိမ်တော်နှင့်ခေါင်အာလူမျိုးတို့၏ အရှင်သခင် သခင်ကြီးနှင့်သခင်မကြီး တို့၏ သားတော်
စပ်ခေါင်ထီရာဇ် သည်အင်္ဂလန်နိုင်ငံတွင်ပညာတော်သင်သွားရာမှ ပြန်လာတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။

YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...