Ep 28
Uni+Zaw
အချိန်အတော်ကြာသည်အထိ ဒိလုံခ နေရာတတွင်သာ ရပ်မြဲတိုင်းသာရပ်နေ၏။အံ့သြထိတ်လန့်စွာ ပြေးထွက်သွားသူကပြေးထွက်သွားသလို ကျန်ခဲ့သည့်သူကလည်း အခုထိတုန်လှုပ်နေဆဲပင်။စပ်ခေါင်ထီရာဇ်၏ ကိုယ်ငွေ့နွေးနွေးက အခုထိသက်ရောက်နေဆဲ။နမ်းရှိုက်ခြင်းခံရသောကြောင့် နှုတ်ခမ်းသားတို့ထူပူနေဆဲ။ငုံကိုက်ခံရသော လည်တိုင်တို့သည် ကျိန်းနေဆဲပင်။
တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သော အထိအတွေ့တို့အား ရုတ်တရက်နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရချိန် ပထမဆုံးခံစားရသည်က ရှက်ရွံ့ခြင်း။ထို့နောက် အသက် ၂၀ အရွယ်ယောက်ျားတစ်ယောက်၏ ဒေါသကဟုန်းခနဲထတောက်သည်။ဘာမှတောင်သေချာမစဥ်းစားလိုက်နိုင် စပ်ခေါင်ထီရာဇ်အား လက်သီးပြင်းတစ်ချက်ကျရောက်သွားစေ၏။ဒေါသများဖြင့် ရှက်ရွံ့ပူထူနေသည့်ကြားမှ လှုပ်ခတ်နေသောနှလုံးသားတစ်စုံလည်းရှိသည်။အစက ကိုယ်တိုင်သတိမထားမိခဲ့သော်လည်း အခြေအနေကတဖြေးဖြေးချင်းငြိမ်သက်လာချိန် တဒိန်းဒိန်းခုန်ပေါက်လှုပ်ရှားနေသော သူ့နှလုံးသားသူသတိထားမိလာရသည်။
" ငါ ဘာဖြစ်နေတာလဲ "
နားမလည်နိုင်စွာ စိတ်ထဲမှတီးတိုးရေရွတ်မိသည်။
×××××××××××
တစ်ဖက်တွင်လည်း သောက်ထားသမျှဝိုင်တို့ အမူးပြယ်ရုံသာမက ဦးနှောက်ထဲတွင် ဗလာကျင်းသွားမှုက ကိုယ့်အခန်းကိုယ်ဘယ်လိုပြန်ရောက်လို့ ရောက်လာမှန်းပင်မသိပေ။ဖြစ်ပျက်သွားသောအခြေအနေအပေါ် အခုထိ အသိစိတ်ကပ်အောင်ကြိုးစားနေရတုန်း။
" အဲ့ဒီ့ မျက်နှာနုနုလေးက ယောက်ျားလေးတဲ့လား "
သူက ယောက်ျားလေးတစ်ယောက်ကိုချစ်မိသွားတာတဲ့လား။
အံ့သြစရာမှ တကယ့်ထူးဆန်းအံ့သြဖွယ်ပင်။နိုင်ငံရပ်ခြားတွင် ပညာတော်သင်ရှိနေစဥ်က ယောက်ျားချင်းနှစ်သက်မှုကိုကြားဖူးနားဝ ရှိခဲ့သော်လည်း ကိုယ်တိုင်ကြုံရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့။
" မဟုတ်ဘူး "
" ငါက နူးညံ့သိမ်မွေ့ပြီး စကားနည်းတဲ့ 'ခ' ဆိုတဲ့အမျိုးသမီးလေးကို သဘောကျတာ။ယောက်ျားတစ်ယောက်ကိုမဟုတ်ဘူး။ "

ESTÁS LEYENDO
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...