Ep 40
Uni+Zaw
ရက်၊ လ၊ နှစ် များစွာကျော်လွန်ကုန်ဆုံးခဲ့ချေပြီ။တဖြည်းဖြည်းနှင့် သားတော်လေး စပ်ခေါင်ထီရာဇ် အရွယ်ရောက်လာသည်မှာ မကြာမီ ၁၃ နှစ်ပြည့်တော့မည်။သခင်ကြီးနှင့် သခင်မကြီးသည် သားတော်လေးစပ်ခေါင်ထီရာဇ်အား အခုထိကျိန်စာနှင့်ပတ်သက်ပြီး တစ်ခွန်းတစ်ပါဒမျှမပြောရသေးပေ။ပြောမထွက်ရက်တာဆိုလျှင် ပိုမှန်မည်။
သားတော်လေး စပ်ခေါင်ထီရာဇ်သည် ဥာဏ်ပညာထက်မြက်သလို စိတ်ထားလည်းအလွန်နူးညံ့၏။ကြင်နာသနားတတ်၏။ဒီအရွယ်လေးနှင့် ခေါင်အာလူမျိုးစု၏ ကိစ္စအချို့တွေမှာပါ အားကိုးနေရပြီဖြစ်သည်။လူမျိုးစုတစ်ခုလုံးကလည်း ဖူးဖူးမှုတ်ချစ်ကြသည်။စံအိမ်တော်နှင့် ခေါင်အာလူမျိုးစု၏ အနာဂါတ်ခေါင်းဆောင်အကြီးအကဲအဖြစ်လည်း မျှော်လင့်တကြီးအားကိုးကြလေသည်။
" ကျွန်မတို့ သားတော်လေးကို ဘယ်လိုပြောကြမလဲ "
ဇနီးဖြစ်သူသည် စိုးရိမ်ပူပန်စွာပြောလာသည်။
" ကိုယ်တို့ပြောတော့ပြောရမှာပေါ့ကွာ။သိပ်မကြာခင် ထီရာဇ်လေးအသက်လည်း ၁၃ နှစ်ပြည့်တော့မယ်လေ.....။ "
သားတော်လေး စပ်ခေါင်ထီရာဇ်သည် ပန်းချီဆွဲခြင်းတွင် ဝါသနာထုံ၏။အားလပ်ချိန်တွင် ပန်းချီဆွဲနေတတ်သော သားတော်လေးသည် စကားနည်းပြီး အေးဆေးတည်ကြည်၏။အရွယ်နှင့်မလိုက်အောင် ရင့်ကျက်တည်ငြိမ်၏။မိဘနှစ်ပါး၏ အဖိုးထိုက်တန်သော ရတနာလေးပင်။
အခုလည်းဒဏ်ရာရနေသော ယုန်ပေါက်လေးအားဆေးထည့်ပေးနေသည့် သားတော်လေးကို အဝေးမှလှမ်းကြည့်နေမိသည်။ဖြူစင်နူးညံ့သော သားတော်လေး၏စိတ်နှလုံးသားအား ထိတ်လန့်ကြောက်ရွံ့ဖွယ် ဒဏ်ရာဒဏ်ချက်များ အဘယ်သို့ပေးနိုင်မည်နည်း။
မွေးကင်းစ ၁၃ ရက်သား အရွယ်တွင်ကြုံခဲ့ရသော ထိတ်လန့်တုန်လှုပ်ဖွယ်အဖြစ်အပျက်အားမမှတ်မိသော်လည်း အိပ်မက်ဆိုးတစ်ခုအဖြစ် မကြာခဏခြောက်လှန့်၏။ညပေါင်းများစွာ ကြောက်လန့်တကြား ငိုယိုပြီး နိုးတတ်သော သားတော်လေးစပ်ခေါင်ထီရာဇ်သည် ကောင်းမွန်စွာ အိပ်စက်ရတယ်ဟူ၍မရှိ။

YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...