Ep 01

11.4K 378 25
                                    

🛑 Fic လေး စမဖတ်ခင် Author's Note လေးကိုအရင်ဖတ်ကြည့်ပေးပါနော်🛑

EP 01

Uni+Zaw

Uni

ယော်နွမ်လူမျိူးများတွင် ဓလေ့တစ်ခုရှိ၏။ထိုအရာမှာ ယော်နွမ်လူမျိူးယောက်ျားလေးများသည် အသက် ၂၀ ပြည့်သည့်နှစ်တွင် လူမျိုးတူယော်နွမ်မိန်းကလေးတစ်ဦးနှင့်လက်ထပ်ထိမ်းမြားရပြီး မိန်းကလေးများသည် အသက် ၁၆ နှစ်တွင် မိမိအိမ်မှသဘောတူကြည်ဖြူသူနှင့် စေ့စပ်ကြောင်းလမ်းထားရကာ ၁၈ နှစ်ပြည့်ပြီးသည်နှင့် မိမိသဘောဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အိမ်ထောင်ပြုလက်ဆက်ရသည်။

ယော်နွမ် မိန်းကလေးများသည် ကြင်ယာဖက်ကိုမိမိတို့သဘောဆန္ဒအလျောက် ရွေးချယ်ခွင့်မရှိ။မိဘတို့၏ သဘောဆန္ဒကိုသာ လက်ခံကြရသည်။အကယ်၍ ယော်နွမ်မိန်းကလေးတစ်ယောက်ကို လာရောက်တောင်းရမ်းသော အမျိုးသားဦးရေမှာ တစ်ယောက်ထပ်ပိုနေပါက ပြိုင်ပွဲတစ်ခုသတ်မှတ်၍ ဆုံးဖြတ်လေ့ရှိကြသည်။

ထိုပြိုင်ပွဲမှာ ယော်နွမ်လူမျိုးစုတို့၏ စွမ်းရည်ဖြစ်သော လက်မှုပညာ ပန်းပုပြိုင်ပွဲဖြစ်သည်။ယော်နွမ်လူမျိုးတို့သည် ရှေးယခင်ကတည်းက သစ်သားကိုထွင်းထုသောပန်းပုပညာတွင် တစ်ဖက်ကမ်းခပ်၏ ယော်နွမ်လူမျိူးတို့ မထုဆစ်နိုင်သော ပန်းပုရုပ်၊ အသုံးဆောင်၊ ပရိဘောဂပစ္စည်းဟူ၍ မရှိ။ဘိုးဘေးဘီဘင် လက်ထပ်ကတည်းက ယော်နွမ်လူမျိုးတို့၏ ပန်းပုပညာသည် အံ့သြချီးမွမ်းဖွယ်ရာဖြစ်သည်။

ယော်နွမ်ကျေးရွာအတွင်းရှိ ပရိဘောဂ၊ အသုံးဆောင်ပစ္စည်းအားလုံးသည် ယော်နွမ်လူမျိုးတို့ကိုယ်တိုင် ဖန်တီးထုဆစ်ထားသော လက်ရာများပင်ဖြစ်သည်။

< အချိန်ကာလအားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ >

ယော်နွမ်လူမျိူးတို့နေထိုင်ရာ ယော်နွမ်ကျေးရွာလေးသည် မြန်မာနိုင်ငံအစွန်ဖျားဆုံးပိုင်း တောင်ပေါ်ဒေသတွင် တည်ရှိသည်။ကျေးရွာအတွင်း အိမ်ခြေ ၆၀ လောက်သာရှိပြီး အေးချမ်းတိတ်ဆိတ်၏။

" အရီးလေးရေ...... အရီးလေး "

" သမီးရင်းခက်လာလေ။ အိမ်ထဲဝင် "

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now