Ep 18
Uni+Zaw
Uni
နူးညံ့လွန်းသောအထိအတွေ့အတွင် ဒေါင်းလွမ်းဏီအသွေးအသားတို့တောင့်ခဲသွားရသည်။ဒါ.... ဘယ်လိုအထိအတွေ့မျိူးလဲ။သူ့ဘဝတစ်သက်တာလုံး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့။သခင်ကြီးသည် သူ့နှုတ်ခမ်းသားတို့ကိုငုံထွေးထားသည်မှာ အချိန်တစ်ခုကြာနေပြီ။နှုတ်ခမ်းသားတို့ပူးကပ်သွားချိန်မှစ၍ အခုထိဒေါင်းလွမ်းဏီနည်းနည်းလေးတောင်မရုန်းဖယ်မိ။ကိုက်ခဲထားသော မိမိလျှာကိုလည်းဘယ်ချိန်ကတည်းက လွှတ်လိုက်မိမှန်းမသိပေ။
သူ့အသိစိတ်၊အာရုံတို့သည် ထူးဆန်းလွန်းသော၊ နွေးထွေးနူးညံ့လွန်းသော နှုတ်ခမ်းပေါ်မှအထိအတွေ့ပေါ်သာ အလုံးစုံသက်ရောက်နေသည်။အသိစိတ်တို့ပျော်ဝင်သွားမှုက မျက်လုံးတို့မှေးမှိတ်သွားစေသည်အထိ။အံ့သြဖို့ကောင်းလိုက်ပုံများ..... ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုအားလုံးကိုစုပ်ယူပစ်လိုက်သလိုပင်။
သူ့ကိုပေးသော သခင်ကြီး၏ပထမဆုံး နွေးထွေးကြင်နာမှုပင်ဖြစ်သည်။ဒေါင်းလွမ်းဏီ၏ နှလုံးခုန်သံတို့ ဆောက်တည်ရာမရ မြန်ဆန်နေသော်လည်း ယခုအခါသည် ကြောက်ရွံ့ခြင်းတစ်ခုတည်းကြောင့်မဟုတ်ပေ။ထူးဆန်းသောနှုတ်ခမ်းလွှာတို့ ပူးကပ်ထိတွေ့မှုတွင် တစ်ကိုယ်လုံးကြက်သီးများတဖြန်းဖြန်းထပြီး အေးစက်နေပေမဲ့ ဝဲဘက်ရင်အုံရှိ နှလုံးသားတစ်ခုလုံးဟိုးအောက်ခြေအထိ နွေးထွေးနေသည်။
ပါးပြင်ပေါ်သို့ကျရောက်လာသော စိုစွတ်သည့်အထိအတွေ့ကြောင့်မျက်လုံးတို့ဖွင့်ကြည့်လိုက်သောအခါ မှေးမှိတ်ထားသောသခင်ကြီးမျက်ဝန်းအိမ်မှ မျက်ရည်များစီးကျနေခြင်းဖြစ်သည်။ခပ်စိတ်စိတ်မျက်တောင်တို့ စီစီရီရီအနားသတ်ထားသော မျက်ခွံလွှာသည်မျက်ရည်တို့၏မြစ်ဖျားခံရာကိုမမြင်ရအောင် ဖုံးကွယ်ထားသော်ငြား ဝမ်းနည်းနာကျင်နေကြောင်းကို ဒေါင်းလွမ်းဏီမြင်တွေ့လိုက်ရသည်။
~ သူ ငိုနေတာလား ~
အံ့သြမိသလို တစ်ဆက်တည်းမှာပဲ ဒေါင်းလွမ်းဏီရင်ဘတ်အတွင်း တစ်နေရာကနေ အောင့်သက်နာကျင်လာရသည်။'ဟင်....ငါ ဝမ်းနည်းနေတာလား။ဘာလို့လဲ?'
သူကဘာ့အတွက်နဲ့ ဝမ်းနည်းနာကျင်နေရတာလဲ။မသိတော့.....။သူ ဘာမှနားမလည်တော့ပေ။မျက်ရည်များသာစီးကျ လာလေသည်။
![](https://img.wattpad.com/cover/316548056-288-k255905.jpg)
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...