Ep 29

2.2K 104 5
                                    

Ep 29

Uni+Zaw

" ဒီလောက်များတဲ့ ပန်းချီကားတွေကိုဘယ်လိုလုပ်..... "

" စတွေ့တဲ့နေ့ကစလို့ မင်းအကြောင်းမတွေးမိတဲ့နေ့ တစ်ရက်မှမရှိဘူး။ပန်းချီမဆွဲဖြစ်တဲ့နေ့လည်း တစ်ရက်မှမရှိခဲ့ပါဘူး။ "

စပ်ခေါင်ထီရာဇ်သည် ဒိလုံခ ထံတိုးကပ်သွားလိုက်သည်။

" ကိုယ် မင်းကိုအမှန်တကယ် မေတ္တာသက်ဝင်ချစ်မိတာပါ။ယောက်ျား မိန်းမဆိုတဲ့ ပညတ်ချက်ကိုတောင် ချိုးဖျက်မိတဲ့အထိ... "

" ကိုယ့်နှလုံးသားကို ယုံကြည်ပေးပါ "

စပ်ခေါင်ထီရာဇ်၏ မျက်ဝန်းများတွင် ဒိလုံခ ပြောစရာစကားများပျောက်ဆုံးရပါ၏။နှလုံးသားတစ်ခုလုံး တဆတ်ဆတ်တုန်ကာနာကျင်ရပါ၏။

တစ်ကိုယ်လုံးသိမ်းကျုံးပွေ့ဖက်ခံလိုက်ရမှန်းသိပေမဲ့ ခုခံငြင်းဆန်ဖို့ရာလည်း မစွမ်းနိုင်တော့။

" ကိုယ့် အသက်တမျှချစ်မြတ်နိုးရပါတယ် 'ခ' ရယ်....... "

နားနားကပ်ကာ တိုးတိုးလေးရေရွတ်လိုက်သော စကားလုံးများတွင် စပ်ခေါင်ထီရာဇ်ရင်ခွင်ထဲမှနေ ဒိလုံခ မျက်လုံးတို့အသာမှိတ်လိုက်သည်။

××××××××××××

" သခင်လေးကို ချစ်ပါတယ် " ဟု နှုတ်မှဖွင့်မပြောခဲ့သော်လည်း နှစ်ဦးသားအခြေအနေသည် အရင်လိုမဟုတ်တော့ဘူးဆိုတာတော့ ဒိလုံခ သဘောပေါက်နားလည်ပါသည်။နားမလည်နိုင်တာက သူ့ကိုယ်သူပင်။ဘာ့ကြောင့် မငြင်းဆန်နိုင်ခဲ့တာလဲ။

သခင်လေးစပ်ခေါင်ထီရာဇ်သည်လည်း ယောက်ျားတစ်ယောက်။

သူသည်လည်း ယောက်ျားတစ်ယောက်။

တူညီမှု၏စည်းကိုသိနေသည့်တိုင် သခင်လေးစပ်ခေါင်ထီရာဇ်၏ ကြင်နာယုယမှုတွင် အသာတကြည်ငြိမ်သက်နေခဲ့မိသည်။

' ရွှတ် '

" !! "

ပါးပေါ်ဖြတ်ပြေးသွားသော အထိအတွေ့သည် သခင်လေး၏နှုတ်ခမ်းတစ်စုံကြောင့်ဆိုတာသိလိုက်ပြီးနောက် ဒိလုံခမျက်နှာတစ်ခုလုံး ရဲတက်သွားရသည်။မီးဖိုခန်းထဲတွင် ထီအာလေး စားဖို့အတွက် ပန်းသီးတချို့စိပ်နေတုန်း သခင်လေး၏ ရုတ်တရက်ဆန်သောအပြုအမူတွင် ဒိလုံခနည်းနည်းထိတ်လန့်သွားမိတာတော့အမှန်။

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now