Ep 02
Uni+Zaw
Uni
နောက် ၇ ရက်နေလျှင် ဒေါင်းလွမ်းဏီ၏ အသက်သည် ၂၀ တင်းတင်းပြည့်ပြီဖြစ်ပြီး ရင်းခက်ဆိုသောအမျိုးသမီးငယ်လေးနှင့် ယော်နွမ်လူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း တရားဝင်လက်ထပ်ထိမ်းမြားရတော့မည်ဖြစ်သည်။ ယော်နွမ်လူမျိုးတို့၏ မင်္ဂလာပွဲသည် အာရုဏ်တက်ချိန်မှစ၍ နေ့လယ်မွန်းတည့်ချိန်ထိ ရွာ၏ အရှေ့စွန်းစွန်းရှိ တောင်ကုန်းထိပ်ပေါ်တွင် တစ်ရွာလုံးစုပြီးကျင်းပကြသည်။
မင်္ဂလာပွဲတွင် ရွာ၏အကြီးအကဲက ယော်နွမ်ဘာသာစကားနှင့် ယော်နွမ်တို့စောင့်ထိန်းရမည့်ဓလေ့ထုံးတမ်းများကို ရွတ်ဆိုပြီး နတ်ဆရာက ဘိတ်သိက်သွန်းမြောက်ပေးသည်။ဤသို့နှင့် သတို့သား သတို့သမီးသည် တစ်ရွာလုံး၏ ကောင်းချီးကိုခံယူပြီးနောက် မွန်းတည့်ကျော်သည်နှင့် အကြင်လင်မယားအဖြစ်သို့ရောက်ရှိပြီဖြစ်သည်။
ယော်နွမ်လူမျိုးတို့သည် ရှေးယခင်က ယော်နွမ်ဘာသာစကားကို အဓိက သုံးစွဲခဲ့သော်လည်း အချိန်ကာလ ကြာလာသည်နှင့်အမျှ ဗမာစကားကိုသာပြောဆိုသုံးစွဲတော့သည်။ အဘယ်ကြောင့်ဆိုသော် ဒေသထွက် လက်မှုပစ္စည်းများကို မြန်မာပြည်အနှံ့ ကုန်ကူးသွားရင်း မြန်မာစာနှင့် မြန်မာစကားကိုသာ ပိုအသုံးများခဲ့သည်။ယော်နွမ်တို့၏ အထိမ်းအမှတ်နေ့ထူးနေ့မြတ် သို့မဟုတ် အခမ်းနားပွဲများတွင်သာယော်နွမ်ဘာသာစကားကိုသုံးတော့သည်။
" ဒီမှာ အစ်ကိုလေး စားဖို့ နေ့လယ်စာထမင်းထုပ်။အစ်ကိုလေးကြိုက်တဲ့ မျှစ်နုနုလေးကို ဟိုနေ့က ရင်းခက်ကိုယ်တိုင်သွားချိုးတာ။ အိမ်မှာကြပ်တိုက်ထားတဲ့ ဝက်သားနဲ့ချိုချိုလေးချက်ထားတယ်။အစ်ကိုလေးက အစပ်မစားနိုင်ဘူးမလား "
" အစ်ကို့ဇနီးလောင်းလေးက ကိုယ့်အကြိုက်ကိုတယ်သိနေပါလား "
ဒေါင်းလွမ်းဏီပြုံးရင်း ဖက်နှင့်ထုပ်ထားသောထမင်းထုပ်ကိုလှမ်းဆွဲယူလိုက်သည်။သဘောကျစွာ ဆံပင်လေးများကို အသာဖွဖွပွတ်သပ်တော့လည်း ရင်းခက်မှာ ငြိမ်ငြိမ်လေးခံယူ၏။ ယခု သတို့သမီးလောင်းလျာလေး ရင်းခက်၏ အိမ်တွင်မင်္ဂလာပွဲအတွက်ကြိုတင်ပြင်ဆင်မှုများနှင့် စည်ကားလျှက်ရှိသည်။တစ်ခုခုဆို ကိုယ့်အိမ်အလုပ်၊သူ့အိမ်အလုပ်မခွဲဘဲ ဝိုင်းဝန်းကူညီကြသည်မှာ ယော်နွမ်လူမျိုးတို့၏ ချစ်စရာစိတ်ထားလေးဖြစ်သည်။
![](https://img.wattpad.com/cover/316548056-288-k255905.jpg)
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...