Ep 25
Uni+Zaw
" ထီအာလေး ဘယ်နားနာသွားလဲ။ထိခိုက်မိသေးလား။ "
ညီမငယ်အားပွေ့ချီလိုက်ပြီး စပ်ခေါင်ထီရာဇ်စိုးရိမ်တကြီးမေးမိသည်။
" ဟင် အစ်ကိုကြီးလိုက်လာတယ် "
" အစ်ကိုကြီးရော၊ မယ်တော်နဲ့ခမည်းတော်ရော အားလုံးက ထီအာလေးပျောက်သွားလို့ စိတ်ပူနေကြတာ။တစ်ယောက်တည်း ဘယ်တွေလျှောက်သွားနေတာလဲ ဟမ်! "
ကရုဏာဒေါသကြောင့် ခပ်မာမာပြောမိတော့ ထီအာလေးမျက်နှာသိသိသာသာညှိုးသွားလေသည်။
" ထီအာ့ကိုမဆူပါနဲ့နော် "
အသံလေးမှာတုန်ယင်နေ၏။
" အင်း နောက်တစ်ခါဒီလိုမျိုး တစ်ယောက်တည်းလျှောက်သွားရင်တော့ တကယ်ဆူတော့မှာ။တော်သေးတာပေါ့..... အစ်ကိုကြီး ညီမလေး ဘာမှမဖြစ်လို့။ "
ရင်ထဲလေးလံနေခဲ့သော ကျောက်သား၊ကျောက်စိုင်က အခုမှလျော့ကျသွားသည်။စပ်ခေါင်ထီရာဇ် ညီမငယ်ဖြစ်သူအား တင်းကျပ်စွာထွေးပွေ့လိုက်ရင်း ပူလောင်ရင်မောခဲ့သမျှ သက်ပြင်းရှည်တစ်ခုချမိသည်။
အချိန်အနည်းငယ်ကြာမှ ဘေးတွင်စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကိုသတိထားမိသည်။
ရှည်လျားသောမျက်ဝန်းအိမ်ရှိ မျက်ဆံနက်နက်လေးက အနည်းငယ်အလိုမကျနေသယောင်။
" ဘယ်နားထိခိုက်မိသွားလဲ။မတ်တပ်ရပ်နိုင်ရဲ့လား။ "
အခုမှမေးဖော်ရသည်ဆိုတဲ့သဘောနှင့် စင်ယော်တောင်မျက်ခုံးလေးနှစ်ခုသည် ဆုံမှတ်တစ်ခုထဲသို့ ပြိုင်တူတွန့်ကွေးသွားသည်။နုနယ်သော မျက်နှာလေးသည် ဘာမှမလိမ်းထားသည့်တိုင် ကြည်လင်ရှင်းသန့်နေ၏။လည်ပင်းတွင် စည်းထားသော အနီရောင်ပဝါလေးက စူပုပ်ပုပ်မျက်နှာလေးအား ပို၍ထင်းနေစေသည်။
" မင်း အဆင်ပြေရဲ့လား "
တုံ့ပြန်စကားတစ်ခွန်းမျှမဆိုဘဲ ထထွက်သွားသောသူအား စပ်ခေါင်ထီရာဇ် ဘာပြောလို့ပြောရမှန်းမသိ။တလွင့်လွင့်ဝဲနေသော အနီရောင် လည်စည်းပဝါလေးအား ငေးကြည့်ရင်းကျန်ခဲ့လေသည်။

DU LIEST GERADE
သခင်ကြီးနှင့်စံအိမ်တော်
Aktuelle Literaturညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...