Ep39.1

1.6K 80 10
                                    

Ep 39.1

Uni+Zaw

" ဘယ်လိုလုပ်ကြမလဲ "

သားတော်လေးကိုမွေးဖွားပြီးနောက် ခေါင်းချင်းဆိုင်စဥ်းစားရသော မေးခွန်းတစ်ခုဖြစ်လာခဲ့သည်။ဇနီးသည် သည်မွေးကင်းစသားတော်လေးကိုပိုက်ပြီးတရှုံ့ ရှုံ့ငိုကြွေးနေရှာသည်။သူ့အနေနဲ့ ဇနီးသည်အား သားယောက်ျားလေးမွေးရသလားဆိုပြီး လုံးဝအပြစ်မတင်ရက်။

အခုမှမီးဖွားပြီးကာစ သားသည်အမေသည် အေးအေးဆေးဆေးအနားယူရမည့်အစား စိုးရိမ်ပူပန်စိတ်များနှင့် မျက်ရည်စက်လက်ဖြစ်နေရှာ၍ သနားမိသည်။စိတ်မကောင်းလည်းဖြစ်မိသည်။

" ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ။ကျိန်စာကိုကျော်လွှားဖို့နည်းလမ်းတစ်ခုခုမရှိတော့ဘူးလား။ "

ချက်ချင်းဇနီးသည်နှင့် အိမ်တော်ထိန်းလူယုံတော် (ဘွေဆောနောင်ရဲ့အဖေ) တို့မျက်လုံးချင်းဆုံသွားမှုကတစ်ခုခုရှိနေမှန်းရိပ်မိလိုက်သည်။

" နည်းလမ်းရှိတယ်မလား။ ကျွန်တော့်ကိုပြောပါ။ဘယ်လိုအရာပဲဖြစ်ဖြစ် မဖြစ်ဖြစ်အောင်လုပ်ဆောင်မှာပါ။ "

" အဲတာက..... "

" ဟင့်အင်း! မဖြစ်နိုင်ဘူး!! "

ဇနီးသည်က ထိတ်ထိတ်ပျာပျာခေါင်းခါလေသည်။

" ရှင်မ...... စိတ်ကိုအေးအေးထားပါ။ကိုယ်တစ်ယောက်လုံးရှိတယ်လေ။ကျိန်စာကိုကျော်လွှားဖို့ ဘာလုပ်ရမလဲ ကိုယ့်ကိုပြောပါနော်။ "

ဇနီးသည်က ထိတ်လန့်တုန်လှုပ်စွာပြန်ဖြေလာသည်။

" သားတော်လေးကို ၁၃ ရက်အတွင်းသတ်ပစ်ရမှာ။ မဖြစ်နိုင်ဘူး!! ကျွန်မ မလုပ်နိုင်ဘူး!! "

" ဘယ်လို!! "

ဇနီးသည်၏စကားကြောင့် ကိုယ့်နားကိုယ်မယုံနိုင်အောင်အံ့သြတုန်လှုပ်သွားမိသည်။

ထို့နောက် အိမ်တော်ထိန်းလူယုံတော်က စကားကိုဆက်၏။

" ကျိန်စာကို ကျော်လွှားနိုင်ဖို့ နည်းလမ်းနှစ်ခုရှိတယ်။ပထမတစ်ခုက မွေးပြီးပြီးချင်း ၁၃ ရက်အတွင်း ကလေးကိုသတ်ပြီး 'မြွေနတ်အရှင်သခင်မ' ဆီမှာယဇ်ပူဇော်ရမယ် "

သခင်ကြီးနှင့်စံအိမ်တော်Donde viven las historias. Descúbrelo ahora