Ep 16

2.8K 195 33
                                    

Ep 16

Uni+Zaw

Uni

ဝမ်းဗိုက်ထဲသို့ထိုးစိုက်နေသော ဓါးကိုဆွဲနှုတ်ပြီးထွက်ပြေးမည်အပြု သခင်ကြီးသည် ဒေါင်းလွမ်းဏီလက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

မလုံလောက်သေးဘူးလား......။ကြမ်းပြင်ပေါ်မှာသွေးစတွေမြင်မကောင်းလောက်အောင်ထိ ဖြစ်နေပြီပဲ......။ဒါကိုတောင် သခင်ကြီးဆီမှာ အားတွေကျန်နေသေးတာလား။ရဲတက်နေသောမျက်ဝန်းများသည် ဒေါသနှင့်အံ့သြမှုတို့အပြည့်။

" ရာရာစစ......မင်းကများ...... "

စကားလုံးများကြား သွေးများပါ ပါ၏။

" ခင်ဗျားကြီး မကြာခင်သေရတော့မှာ "

ဆုပ်ကိုင်ထားသောသခင်ကြီးလက်တွင် ဒေါင်းလွမ်းဏီရုန်းမရ။အံ့သြတုန်လှုပ်မှုနှင့်အတူ အသေသတ်ပစ်ချင်စိတ်တွေကတဖွားဖွား။ရှိသမျှကိုယ်တွင်းအင်္ဂါတွေကို တစ်စစီဆုတ်ဖြဲပစ်လိုက်ချင်သည်။

" သခင်ကြီး!!! "

အော်သံကြောင့်ဒေါင်းလွမ်းဏီလှည့်ကြည့်လိုက်တော့ လှေကားကနေပြေးတက်လာသော အဘိုးကျွန်းအိုကိုတွေ့လိုက်ရသည်။

" လွှတ်စမ်း!! ကျုပ်ကိုအခုလွှတ်! "

ပျော့ခွေလဲကျလုမတတ်ဖြစ်နေပေမဲ့ သခင်ကြီးသည် ဒေါင်းလွမ်းဏီအားနေရာမှ တစ်ဖဝါးမှခွာလို့မရစေရ။

" ကျုပ်ကိုအခုလွှတ်လို့ပြောနေတယ်! "

သူ့ဆီဦးတည်ပြေးလာသော အဘိုးကျွန်းအိုတွင် အန္တရာယ်အငွေ့အသက်များကိုပါ ဒေါင်းလွမ်းဏီခံစားလိုက်ရသည်။

" အား....သေစမ်း!! သေစမ်းကွာ! "

ဝမ်းဗိုက်အတွင်းသို့ထိုးစိုက်နေသောဓါးသွားကို ပိုပြီးအထိနာစေရန်အလို့ငှာ အားထည့်တိုက်ခိုက်လိုက်ပေမဲ့ နေရာမှတစ်စက္ကန့်မျှတောင်ခွာမရ။

ထို့နောက်ဦးခေါင်းအနောက်ဘက်အား မာကျောသောတစ်စုံတစ်ခုနှင့် ပြင်းထန်စွာလွှဲရိုက်ခြင်းကိုခံလိုက်ရလေသည်။အဘိုး၏ရိုက်ချက်သည် ချက်ကောင်းကိုထိသွား၍ ကြမ်းပြင်ပေါ်သို့ဒေါင်းလွမ်းဏီ ပုံရက်သားလဲကျသွားသည်။

သခင်ကြီးနှင့်စံအိမ်တော်حيث تعيش القصص. اكتشف الآن