Ep 11
Uni + Zaw
ခန္ဓာကိုယ်တစ်ခုလုံးတဆစ်ဆစ်နာကျင်နေသော်ငြား နွေးထွေးနူးညံ့မှုတို့ကို ဒေါင်းလွမ်းဏီခံစားနေရပါသည်။ထို့နောက် သူ့ခန္ဓာကိုယ်အနှံ့ပွတ်တိုက်သွားသော အထိအတွေ့များ။ခံစားနေရသော နာကျင်မှုတွေကိုစုပ်ယူလိုက်သလိုပင်။သူ့ဆံပင်များထဲသို့ အသာအယာထိုးဖွလာသော လက်ချောင်းထိပ်များ၏ အသိ၊အတွေ့။ဒေါင်းလွမ်းဏီ ခံစားလို့ကောင်းစွာမိန်းမောနေမိသည်။
" ဆံပင်ထဲလည်း ဂျီးတွေချည်းပဲ..... "
အပြစ်တင်သလိုဆိုလိုက်ပေမယ့် အမှန်တကယ်ပြစ်တင်ပြောဆိုသလိုတော့မဟုတ်။ခပ်ရှရှ အသံတစ်ခု၏ မဆိုစလောက်မာန်မဲမှုတွင် ဒေါင်းလွမ်းဏီ စိတ်နှင့်ကိုယ်တစ်သားတည်းကျကာ မျက်လုံးများဖွင့်မိသည်။
ပထမဆုံးမြင်ရသည်မှာ ရွှဲရွှဲစိုနေသောအဖြူရောင်အင်္ကျီအောက်က တောင့်တင်းကျစ်လစ်ပြီးဆွဲဆောင်မှုရှိလွန်းသည့် ရင်အုပ်ကြွက်သားများ။တဖြေးဖြေးအထက်သို့ ခေါင်းမော့ကြည့်တော့ ခပ်ဟဟဖွင့်ထားသော အင်္ကျီကော်လာစအထက်က ချွန်ထွက်နေသည့်လည်ဇလုတ်တစ်ခု။
ထို့နောက်လေးထောင့်ဆန်သော မေးရိုးနှင့်ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းများ။ထင်းနေသောမျက်ခုံးတစ်စုံနှင့်မျက်လွှာချထားသော မျက်တောင်စိပ်စိပ်များကို မြင်လိုက်ရချိန် ဒေါင်းလွမ်းဏီ ကြောက်လန့်မှုကြောင့် အံ့သြတုန်လှုပ်သွားသည်။အကြောင်းအရင်းမှာ သူ့ရှေ့တည့်တည့်အနီးဆုံးတွင်မြင်နေရသောသူသည် ဒီကမ္ဘာပေါ်တွင် သူ အကြောက်ဆုံး၊ အရွံမုန်းဆုံး သောတစ်ဦးတည်းသောလူဖြစ်နေမှန်း သိလိုက်ရ၍သာ။
" ခင်ဗျား!! "
" သတိရလာပြီပေါ့ "
ပတ်ဝန်းကျင်အခြေအနေကို ကြောက်လန့်တကြား အကဲခတ်ကြည့်တော့ သူသည်အလွန်သန့်ရှင်းသပ်ရပ်သော အခန်းတစ်ခုထဲရောက်နေ၏။သူ့အား သခင်ကြီးရိုက်နှက်နှိပ်စက်သောအခန်းမဟုတ်မှန်းသိလိုက်ရချိန် ဒေါင်းလွမ်းဏီ၏ ပြင်းထန်စွာလှုပ်ရှားနေသော စိတ်အစုံသည် အနည်းငယ်ငြိမ်းအေးသွားရသည်။
![](https://img.wattpad.com/cover/316548056-288-k255905.jpg)
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...