Ep 24

2.3K 126 10
                                    

Ep 24

Uni+Zaw

" သခင်လေး စပ်ခေါင်ထီရာဇ် ကမင်းတွေ့ချင်တိုင်းတွေ့လို့ရတဲ့သူမဟုတ်ဘူးကွ! "

ခေါင်အာကျေးရွာအဝင် အစောင့်နှစ်ယောက်က ဒိလုံခအား အော်ဟစ်ကြိမ်းမောင်း၏။ဘယ်လောက်ပြောပြော သခင်လေးနဲ့တွေ့မယ်ပဲပြောနေသော သူအား စိတ်မရှည်ချင်တော့ပေ။

" ခင်ဗျားတို့ သခင်လေးက ကျုပ်ခွင့်ပြုချက်မရဘဲ ကျုပ်ပိုင်တဲ့ပစ္စည်းတစ်ခုကိုယူသွားတယ်။အခုပြန်တောင်းဖို့ ကျုပ်လာတာ။ "

" မဖြစ်နိုင်လိုက်တာ! ငါတို့သခင်လေးက သူများပစ္စည်းယူဖို့မပြောနဲ့  ပိုင်ရှင်မရှိရင် အစေခံရဲ့ပစ္စည်းတောင် လက်ဖျားနဲ့ထိတာမဟုတ်ဘူး။ သခင်လေး စပ်ခေါင်ထီရာဇ်ရဲ့ သိက္ခာကိုမစော်ကားနဲ့။ "

" ကျုပ်ကို အဲ့ဒီ့ သခင်လေးဆိုတဲ့သူဆီ အခုခေါ်သွားပေး။ မဟုတ်ရင် ကျုပ်ရဲ့ လိပ်ပြာပန်းပုရုပ်ကို ယူလာခဲ့ပေး။ "

" ဒီလောက်ပြောနေတာကို နားမလည်ဘူးလား! သွားစမ်း!! "

အစောင့်နှစ်ယောက်သည် ဒိလုံခအား တွန်းပစ်လိုက်သည်။မြေပြင်ပေါ်ပုံလဲကျသွားသော ဒိလုံခအတော်လေးဒေါသထွက်သွားရသည်။သို့နှင့် မြေကြီးတချို့အားလက်နှင့်ကုပ်ယူလိုက်ပြီး အစောင့်နှစ်ယောက်၏မျက်နှာအား ပက်ပြီးတိုးဝင်တိုက်ခိုက်လေသည်။

" ဟာ! ဒီကောင်အသားနာချင်ပြီနဲ့တူတယ်!! "

အစောင့်နှစ်ယောက်၏ အော်ဟစ်သံနှင့်အတူ အခြား ခေါင်အာကျေးရွာသားတချို့ပါရောက်လာပြီး ဒိလုံခအားထိုးကြိတ်ရိုက်နှက်ကြတော့သည်။

" သွား! မင်းထွက်သွားလိုက်တော့!! "

ဖူးယောင်ညိုမဲသွားသော မျက်နှာမှသွေးများစိမ့်ထွက်လာသည်။ဒေါသကြောင့် အံကြိတ်ကာ လက်သီးကိုတင်းတင်းဆုပ်မိသည်။ဟင်... သူ့လက်တွင် တစ်စုံတစ်ခုကိုခံစားမိလိုက်သည်။စူးခနဲ...ခံစားမှု။ပုံလျက်သားလဲကျနေရာမှ ဒေါသထွက်ထွက်နှင့် အံကြိတ်လက်သီးဆုပ်လိုက်ချိန် မြေကြီးထဲမှ တစ်ခုခုပါလာသည်ထင်။

အစောပိုင်းက အစောင့်နှစ်ယောက်ကိုတိုက်ခိုက်ဖို့ မြေကြီးအချို့ဆုပ်ယူခဲ့ရာ ကျန်ခဲ့သော ချိုင့်ခွက်နေရာမှ ချွန်ထက်သည့် တစ်စုံတစ်ခုပါလာပြီး ယခုသူ့လက်ကို စူးခနဲနာကျင်သွားစေသည်။လက်ဖဝါးဖြန့်လိုက်ချိန်တွင် အဖြူရောင်ပုလဲနားကပ်လေးတစ်ဖက်က သူ့လက်ဖဝါးအား ထိုးစိုက်လျှက်သားဖြစ်နေပြီး သွေးအချို့ပင်စီးကျနေလေသည်။

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now