#Unicode
ထယ်ယောင်းတစ်ယောက် တစ်နေ့လုံး
အခန်းထဲက အခန်းပြင်မထွက်ဘဲ
ဘာမှမစားဘဲနဲ့ ဆန္ဒပြနေတော့သည်.....သိုပေမဲ့လဲ ဖေဖေရောမေမေရောက
သူ့ကိုအလုပ်သွားမလုပ်ရတော့ဘူးဆိုပြီး
တစ်ယောက် မှ လာမချော့ကြပေ.....ဒီတခါတော့ သူတကယ်အလုပ်လုပ်
ရတော့မည်ထင်သည်......ကြီးကြီး......ဆိုသူသည်
ဖေဖေ့၏ အမဖြစ်သည်.....တစ်ခါတစ်ရံ အိမ်ကိုအလည်လာတတ်သည်....
ထယ်ယောင်းကိုလဲ တော်တော်လေးချစ်ရှာသည်....ကြီးကြီးက ထယ်ယောင်း
ငယ်ငယ်လေးတည်းက ထယ်ယောင်းတို့ထက်အများကြီးသာတဲ့ စံအိမ်တစ်ခုမှာ
အိမ်တော်ထိန်းအဖြစ် အလုပ်လုပ်နေတာ
ထယ်ယောင်းဒီအရွယ်ရောက်လာတဲ့
အချိန်တစ်ခုထိပဲဖြစ်သည်....ထယ်ယောင်းမှာလဲ ကြီးကြီးကိုချစ်ပါသည်..
အတူသွားနေဆိုလဲနေနိုင်ပါသည်...
သိုပေမဲ့ အခုဟာက သူ့များအိမ်မှာ
အလုပ်သမားအနေဖြင့် သွားလုပ်ရမှာကြောင့်
မသွားချင်တာပင်ဖြစ်သည်...ထယ်ယောင်းမှာ အစကအကြံတစ်ခုရှိသည်ကြီးကြီးဆီမသွားဘဲ
အိမ်ပေါ်ကနေခနဆင်းပြီး
ဖေဖေတို့စိတ်ပျော့သွားတဲ့အချိန်တစ်ခုအထိ
သူ့သူငယ်ချင်းဖြစ်သူ ဂျီမင်တို့အိမ်မှာ
သွားနေမည်ဟု စဉ်းစားထားခြင်းပင်ဖြစ်သည်...အဲ့ဒီမှာ သူဂျီမင့်ဆီမှာလာနေမည်ဖြစ်ကြောင်း
ဖုန်းဆက်ပြီး ပြောချိန်မှာ ကွိုင်တက်တာပဲဖြစ်သည်....ဂျီမင်တို့မိသားစုမှာ သူတို့၏ မွေးရပ်မြေသို့
အလည်အပတ် ပြန်သွားသောကြောင့်ပင်ဖြစ်သည်.....ထယ်ယောင်းမှာလဲ ဘာမှမတတ်နိုင်တော့တဲ့အဆုံး သက်ပြင်းသာချလိုက်တော့သည်...
ထိုစဉ်..သူ့အခန်းထဲသို့ ဝင်လာသော
မေမေ့ကြောင့် မျှော်လင့်ချက်
ရောင်ခြည်လေး ပြန်ရလာသည်..."သား...."
ထယ်ယောင်းမှာ သူ့မေမေခေါ်သည်အား
ကြားရဲ့သားနဲ့ မထူးဘဲ စိတ်ဆိုးချင်ယောင်
ဆောင်နေလိုက်သည်...."သားရယ် မေမေတို့ကကောင်းစေချင်လို့ပါ"
"......."
![](https://img.wattpad.com/cover/327086210-288-k320612.jpg)
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]