11

1.1K 72 0
                                    

#Unicode

ထယ်ယောင်းတစ်ယောက် တစ်ရေး
နိုးလာတော့ ဗိုက်ဆာသဖြင့်
အောက်ဆင်းလာပြီး....
ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်သည်။

"အယ် ဒီကိတ်မုန့်ကြီးက
ဘယ်လိုရောက်နေတာလဲ??

အော ဘာပဲဖြစ်ဖြစ် ငါ့နေရာမှာတွေ့တာပဲ
ယူစားလိုက်မယ်ကွာ နောင်ခါလာနောင်ခါဈေးပဲ...

ဝူး ဟူး ...

ရေခဲသေတ္တာထဲ ထည့်ထားလို့လား
မသိဘူး ကိတ်မုန့်ကအေးအေးလေးနဲ့
စားလို့ ကောင်းလိုက်တာ
ဟီး ဟီး
ကိတ်မုန့်ကအကြီးကြီးပဲ 
ထယ်ယောင်းတို့
ပွတာပဲကွ...

အယ်...ဒါနဲ့ညကငါစားခဲ့တဲ့
ကိတ်မုန့်ကြီးနဲ့တောင် တူသေးဗျ"

"အမယ် ထယ်လေးက ကြီးကြီး
ပြောပြစရာတောင်မလိုတော့ဘူးပဲ

ကိတ်မုန့်ကိုတွေ့လို့ စားတောင်စားနေပီ"

"ဟီး သားလဲဗိုက်ဆာလို့
ရေခဲသေတ္တာဖွင့်ကြည့်တာ တွေ့တာနဲ့
ယူစားလိုက်တာ ကြီးကြီး

ဒါနဲ့ဘယ်သူ့ဟာလဲဟင်...."

"ဘယ်သူ့ဟာမှ မဟုတ်ပါဘူးကွယ်
ဂျောင်ဂုလေး ကိုယ်တိုင်လာပေးသွားတာ
ပိုနေလို့ဆိုပဲ..."

"ဟွန့် သူပဲ လက်ဆောင်မပေးရင်
မစားနဲ့လို့ ပြောပီး  ခုမှလာပေးနေတာ

အာ့ကြောင့်ထင်ပါတယ် ကိုကိုက
စိတ်မမှန်ပါဘူးလို့..."

"အဲ့လိုမပြောရဘူးလေ ထယ်လေးရဲ့
ဂျောင်ဂုလေးကကောင်းပါတယ်ကွဲ့

သားကလဲ ဟုတ်သားပဲ လက်ဆောင်မှ
ယူမသွားတာ...

စားပီးရင် သားကိုကိုကို လက်ဆောင်တစ်ခုခု
ဝယ်ပီး သွားပေးလိုက်အုံး
ကြားလား?.."

"ဟုတ်ကဲ့ပါဗျာ သားသွားပေးလိုက်ပါ့မယ်"

သူ့ကျွေးတာ စားထားတဲ့အတွက်
ထယ်ယောင်းမှာ တာဝန်အရ မွေးနေ့
လက်ဆောင်ဖန်တီးရတော့သည်။

ဒါကြောင့် သူ့ရဲ့အခန်းကို မွှေနှောက်ရှာ
ကြည့်လိုက်သည်။

တခုခုများ ထွက်လာမလားဆိုသည့်
အတွေးလေးဖြင့်......

အခန်းကိုမွှေနှောက်ပီးတဲ့ အခါမှာတော့
ထယ်ယောင်း သက်ပြင်းချလိုက်တော့သည်။

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now