14

1.1K 70 1
                                    

#Unicode

မနေ့က ရေချိုးတာ နောက်ကျသည့်
အပြင် ကိုကို့ကြောင့် ကြာပါကြာသွား
တာမလို့ ထယ်ယောင်းမှာ ဖျားပီး
အိပ်ယာပေါ်က ဒီမနက် မထနိုင်သည့်
အတွက် ကျောင်းမလိုက်နိုင်တော့ပေ။




ဂျောင်ဂု တစ်ယောက် ထယ်ယောင်း
နဲ့အတူ ကျောင်းသွားဖို့ အတွက်
ခြံဝမှာ စောင့်နေလိုက်သည်။

တော်တော်နှင့် ထွက်မလာတဲ့ ထိုကလေး
ကြောင့် ဟိုတစ်ခါကလိုများ
ညနက်မှ အိပ်လို့ အိပ်ယာထနောက်
ကျနေသည်အထင်ဖြင့်  ဆူဖို့ရာ
အဆင်သင့်စောင့်နေလိုက်သည်။

ခနလောက်ကြာမှ
ခြံဝကို သူစောင့်နေတဲ့
ကလေးပေါက်က ရောက်မလာပဲ
ကြီးကြီးကပဲ ရောက်ချလာသည်။

"ဂျောင်ဂုလေး"

"ဟုတ်ကဲ့ ကြီးကြီး ဘာလို့လဲဗျ"

"ဟို ထယ်လေးကို ဒီနေ့ကျောင်း
ခွင့်တိုင်ပေးပါအုံးကွယ်...."

"ဆံနီက ဘာဖြစ်လို့လဲ ကြီးကြီး"

"ညကရေချိုးတာကြာပီး ဖျားနေတာ
အခုအိပ်ယာထဲက မထနိုင်လို့ကွဲ့...."

ကြီးကြီး လာပြောမှပဲ ဂျောင်ဂု
ညက အဖြစ်အပျက်ကို သတိရသွားသည်။

တကယ်ကြီး ကလေးပေါက်က
သူ့ကြောင့်
ဖျားသွားတာပင်ဖြစ်သည်။

ကြီးကြီးကို  ပြောစရာရှိတာ
ပြောပီး ဂျောင်ဂုတစ်ယောက်
ကျောင်းကို  တစ်ယောက်ထဲ ကားလေး
မောင်းကာ  ထွက်လာလိုက်သည်။

"ဂျောင်ဂု ရောက်လာပီလား"

"အင်း ဟိုဆော့ .....
ငါဒီနေ့ ကျောင်းမတက်တော့ဘူး....
အဲ့ဒါလာပြောတာ"

"ဟမ်...ဘာဖြစ်လို့လဲကွ?"

"အရေးကြီးကိစ္စရှိလို့  ...
ဒါနဲ့ မင်ယွန်းဂီရော??.."

"မရောက်သေးဘူး....မင်းကဘာလုပ်မလို့"

"အိမ်ကအကောင်ပေါက်ဖျားနေလို့
မင်းယွန်းဂီရဲ့ ခလေးစုတ်နဲ့က
သူငယ်ချင်းတွေမလား အဲ့ဒါကြောင့်
ခွင့်တိုင်ခိုင်းမလို့"

"အမလေးကွာ ဒါလေများ မင်းဖုန်း
ဆက်ပြောတောင် ရတာကို
ကျောင်းထိလာနေသေးတယ်"

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now