21

1.1K 82 2
                                    

#Unicode

ရွာထိပ်မှာပဲ စုစုရုံးရုံးဖြစ်နေပြီး
ခုထိရွာထဲကို မဝင်ရသေးတဲ့...
ကျောင်းသူ ကျောင်းသားများ....

စီနီယာတွေက နေရာထိုင်ခင်းအတွက်
ရွာရဲ့ တာဝန်ရှိသူတွေနဲ့ သွားတွေ့တဲ့
အတွက် စောင့်နေကြခြင်းပဲဖြစ်သည်။

ထိုထဲမှာ ထယ်ယောင်းတို့တတွေကလဲ
အပါအဝင်ဖြစ်ပြီး  သစ်ပင်ကြီးတစ်ပင်အောက်မှာ ဆောင့်ကြောင့်ထိုင်ကာ
စောင့်နေကြတော့သည်။

ခနအကြာမှာတော့ စီနီယာနမ်ဂျွန်းတို့
အတွဲရယ် စီနီယာဟိုဆော့နဲ့က ရွာလူကြီးနဲ့
တွေ့ပြီးသွားတဲ့အတွက် ပြန်ထွက်လာကြသည်။

စီနီယာတို့ရဲ့ မျက်နှာကြည့်ရတာတော့
သိပ်အဆင်ပြေခဲ့ပုံ မရကြ...

ထိုထဲကမှ စီနီယာနမ်ဂျွန်းက အားလုံး
ကို အသိပေးလာသည်။

"အားလုံးပဲ...ကိုယ်ပြောစရာရှိလို့
ခနလောက် နားထောင်ပေးကြပါ..."

"..........."

"ခုနက ကိုယ်တို့တွေ နေရာထိုင်ခင်း
အတွက်ရွာလူကြီးနဲ့ သွားတွေ့တော့

ဒီရွာလေးရဲ့ အခြေနေကိုလဲ ပိုသိခဲ့ရတယ်ကွာ...

ဘယ်လိုမျိုးလဲဆိုတော့...

ဒါကရွာသေးသေးလေးကိုမှ
တော်တော်ကိုနွမ်းပါးတဲ့ ရွာလေး
ဖြစ်တာကြောင့်....

ကိုယ်တို့အားလုံး အတွက် နေရာထိုင်ခင်း
ပြင်ဆင်ပေးဖို့ရာကို သူတို့မှာ နေရာ
မရှိဘူးဖြစ်နေတယ်....."

စီနီယာရဲ့ စကားအဆုံး
အားလုံးဆီမှ တစ်ယောက်တစ်ပေါက်ဖြင့်
ငြီးငြူသံတွေ ထွက်လာကြသည်။

"ဟာ...ဘယ်လိုတောင်မှလဲ?"

"ငါတို့ကဘယ်လိုနေပီး ကူညီပေးရမှာ?"

"အေးလေ"

"ကဲကဲ အားလုံးကို စိတ်မပျက်ကြဖို့
ကိုယ်ပြောချင်တယ်

ရွာထဲမှာ တည်းဖို့အတွက်အဆင်မပြေလို့
ကိုယ်တို့တွေ ရွာအနောက်ဖက်က
တောစပ်မှာ Tentထိုးပီးနေကြတာပေါ့

Tentကလဲ များများစားစာမပါခဲ့လို့
တတ်နိုင်သလောက် စည်းစည်းလုံးလုံးနဲ့
စုအိပ်ကြစေချင်တယ်...

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now