49[Final]

1.1K 31 0
                                    

# Unicode


ဟိုတယ်ရဲ့ သောင်ပြင်မှာ စားသောက်ဖွယ်ရာအစုံအလင်ကို စားပွဲအပြည့် ပြင်ဆင်ထားသည်

ထိုစားပွဲကတော့ ဂျောင်ဂုတို့တွေ
စုဝေးမဲ့ စားသောက်ပွဲအတွက်ပဲဖြစ်သည်

သူတို့တွေ လူစုံတက်စုံနဲ့ ပျော်ပွဲရွှင်ပွဲ
ကျင်းပဖို့အတွက် စတင်ပီး
အကြံပေးခဲ့တာကတော့
ဂျောင်ဂုရဲ့ မာမီပဲဖြစ်သည်

ဒီကြားထဲသူ့ကလေးလေးတွေ
အဖက်ဖက်ကပင်ပန်းခဲ့ရတာကြောင့် အနားယူပြီး သိုက်သိုက်ဝန်းဝန်းနဲ့
ပျော်သင့်သည်ဟု
စဉ်းစားတာကြောင့်ပင်.....

ကလေးတွေအတွက် ဟိုတယ်ကိုလဲ ကြိုတင်
ဘိုကင်ယူထားပေးပြီးတော့ စီစဉ်စရာရှိတာတွေလဲ ဝန်ထမ်းတွေအား ကြိုပီးမှာကြားထားသည်

သူ့ကလေးတွေ လွတ်လွတ်လပ်လပ်
ပျော်ကြပါစေ....

.
.
.
.

သူတို့ရဲ့ အခန်းတွေဆီမှ
အသီးသီးထွက်လာကြသော
စုံတွဲလေးတွဲ အပြုံးတွေဟာလဲ
ဝေဆာလို့နေကြသည်

အားလုံးသောင်ပြင်ပေါ်မှာ စုံတဲ့အခါ
အချင်းချင်းကြည့်ပြီး ရယ်မောကြသည်
ဒီရယ်မောခြင်းဟာ သူတို့အခုချိန် ဘယ်လောက်တောင်မှ ပျော်ရွှင်နေတယ်
ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်သည်

"Hey အားလုံးပဲ
မတွေ့ရတာ 2နာရီနဲ့ 2မိနစ်3စက္ကန့်ရှိပြီနော်"

အားလုံးကို ရွှတ်နောက်နောက်နဲ့
စကားအစချီလိုက်တဲ့ ဆောဂျွန်း ....

"ဆောဂျွန်းတို့ကတော့ လုပ်ပြီကွာ"

"ဟဟ မွေးထဲကဖင်ပြောင်လေးမွေးလာတော့
မျက်နှာကလဲ သူ့အလိုလိုပြောင်နေတာပါဗျာ"

"ဂျွန်းလေး ပေါက်ကရတွေတော်တော့"

"ဟုတ်ကဲ့ပါ မောင့်ဟျောင်းပေါက်လေး
သဘောတိုင်းပါဗျာ...."

" ငါတို့တွေ အစားမစားခင်
ရေအရင်ဆော့ကြမလား?.."

"အဲ့ဒါကောင်းတယ် အကိုနမ်ဂျွန်း.. "

နမ်ဂျွန်းရဲ့ အကြံအား ထိပ်ဆုံးကနေထောက်ခံလာတာကတော့ တခြားလူမဟုတ် ဂျီမင်သာ. ...

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now