#Unicode
"သားရီး မင်းနေကောင်းသွားပီလား??
အူးးဟူးး လွမ်းနေတာကွာ....."
မနေ့ကကျ နေမကောင်းတဲ့ သူငယ်ချင်း
လေးဆီဖုန်းဆက်မေးဖော်မရဘဲ
အခုမှ လူကိုဖက်ပီး
ကပ်ချွဲပြနေတဲ့ ဂျီမင့်ကို
ထယ်ယောင်းမှ တွန်းထုတ်လိုက်တော့သည်။"စောက်ပိုတွေပြောမနေနဲ့...
မင်းငါနေမကောင်းလို့ ကျောင်းမလာတာကို
ဖုန်းလေးတောင်မဆက်ဘဲ!!""ဟဲ အဲ့ဒါက ဒီလိုပါကွာ.....
မင်ယွန်းဂီကြီးလက်ကမလွတ်လို့ကွ""သူ့လက်ကမလွတ်ရအောင်
သူကမင်းဘာလုပ်နေလို့?""ဘာလုပ်ရမှာလဲကွ...သူကလေ
ငါ့ကိုသူ့အိမ်မှာ ကပ်နေနေတယ်ဆိုပီး
အသေခိုင်းတာကွ ပိုးစိုးပက်စက်ပဲ"ထယ်ယောင်းဆီမှ အဆဲမခံရအောင်
မင်ယွန်းဂီကိုအပြစ်ပုံချပီး
လျှောက်ရွှီးနေသော ဂျီမင်.....တနေ့တမျိုး မရိုးရအောင်
ပြဿနာရှာတတ်လွန်းတဲ့ ခလေးစုတ်အား
လိုက်ထိန်းနေရတဲ့ မင်ယွန်းဂီသာ
ဒါတွေကြားသွားလို့ကတော့
သွေးတက်မှာ အသေအချာပင်ဖြစ်သည်။"ဟုတ်လား ငါထင်သားပဲ....
အဲ့လူလဲ ကိုကို့ သူငယ်ချင်းပဲလေ
အတူတူနဲ့အနူနူတွေကြီးပဲ
ဘယ်လိုလုပ်အကျင့်ကောင်းကြမှာလဲ""ဟုတ်တယ် ...ဟီး"
ထယ်ယောင်းမှ သူရွှီးသမျှကို ယုံသွား
တာကြောင့် ဂျီမင့်မျက်နှာမှာ ပြုံးပြုံး
ကြီးဖြစ်နေတော့သည်။"မင်းမျက်နှာကဘာဖြစ်နေတာလဲ?
ခိုင်းခံရတာကိုပျော်နေတာလား??"
"ဟဲ ...မဟုတ်ပါဘူးကွာ....
ဒါနဲ့ ဒီနေ့ငါတို့ရေကူးကလပ်က
အဖွဲ့ဝင်တွေအချင်းချင်းရယ် စီနီယာတွေ
ရယ် မိတ်ဆက်ပွဲရှိတယ်ကွ""ဟုတ်လား...."
"အင်း...."
တစ်ဖက်က ဒုတိယနှစ်ဘက်တွင်....
"အလယ့် ငါ့ကောင်ကြီး ဒီနေ့
စောရောက်နေပါလားကွ"ကျောင်းကို စောစော မရောက်သဖူး
ရောက်လာပီး အခန်းထဲမှာ ထိုင်နေတဲ့
ဂျောင်ဂုကြောင့်
ယွန်းဂီတစ်ယောက်
လှမ်းနောက်လိုက်သည်။
![](https://img.wattpad.com/cover/327086210-288-k320612.jpg)
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]