13

1.2K 76 1
                                    

#Unicode

အိမ်ပြန်လမ်းတစ်လျှောက်မှာ
တိတ်ဆိတ်ငြိမ်သက်စွာနဲ့ မောင်းနှင်လာ
တဲ့ကားလေးတစ်စီး.....

ထို့နောက်မနေနိုင်တော့တဲ့အဆုံး
ဂျောင်ဂုဘက်မှပဲ စကားစလိုက်တော့သည်။

ဟိုကလေးများ သူ့အသိစိတ်လေးနဲ့
သူတို့ကလပ်ကို ဘာလို့မဝင်ကြောင်း
ဘာညာများ ရှင်းပြလာမလားဟု.....

စောင့်နေရာ  ထိုဆံနီလေးမှ
ကားပေါ်ရောက်ထဲက အသက်ရော
ရှိသေးရဲ့လားမသိ ဂျောင်ဂုဘက်ကို
လှည့်ကြည့်မလာခဲ့ပေ။

"ဘယ်ကလပ်ဝင်ထားတာလဲ?"

သူမေးလိုက်တော့မှ ပြူးကြောင်ကြောင်
လေးဖြင့်လှည့်ကြည့်လာတဲ့
ကလေးပေါက်.....

"ရေကူး"

"မင်းကရေကူးတတ်လို့လား?"

"ဟွင်း...အံ့ဩစရာကြီး....

ဘာလို့မကူးတတ်ရမှာလဲဗျ"

"ဟုတ်လို့လား မင်းပုံကြည့်ရတာတော့
မထင်ဘူး"

"ကူးတတ်လို့ ရေကူးကလပ်ထဲဝင်တာပေါ့ဗျ"

သူ့အားမယုံသင်္ကာဖြင့်ကြည့်ပီးမေးလာသော
ကိုကိုကြောင့် ထယ်ယောင်းမှာ ကပ်ကပ်လန်အောင် ရန်ပြန်တွေ့တော့သည်။

"အင်း သိတယ်"

"သိရဲ့သားနဲ့
လာမေးနေသေးတယ်ဗျာ

တမင်သက်သက် ရန်စနေတာ
သိသားပဲ ဟွန့်"

ထို့မှသာ ဂျောင်ဂုလဲ ထယ်ယောင်းရဲ့
စွာတေးလန်အသံလေးကိုကြားလိုက်ရ
သဖြင့်

သူတို့ကလပ်ကိုဘာလို့မဝင်ကြောင်း
ဆူဖို့ရာတောင်မေ့သွားပီး
မသိမသာပြုံးကာ
ကားပဲသေချာ
မောင်းနေလိုက်တော့သည်။








တစ်ဖက်က ယွန်းဂီတို့ တိုက်ခန်းတွင်.....

"ဟူး  ကျောင်းတက်ရတာ ပင်ပန်းလိုက်တာ"

အိမ်ပြန်ရောက်ရောက်ခြင်း လူကြီး
လူကောင်းစတိုင်ဖြင့် ဆိုဖာပေါ်ကို
မှီချပီး ငြီးငြူပြနေတဲ့ ခလေးစုတ်
ကြောင့် ယွန်းဂီတစ်ယောက်
ရှုံ့တွပြလိုက်သည်။

"ခလေးစုတ် မင်းတို့ကဘယ်လောက်
စာတွေလုပ်နေရလို့လဲကွ

ငါတို့ဖင်ဖျားတောင် မမှီသေးတာကို"

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now