22

1K 70 4
                                    

#Unicode

ယူစရာရှိတာသွားယူမယ်ဆိုပြီး
ထွက်သွားတဲ့
မင်ယွန်းဂီတစ်ယောက် ခနကြာတော့
ဂျွန်ဂျောင်ဂုကြီးကို ယူပီး
ထယ်ယောင်းတို့ဆီ ပြန်ရောက်လာတော့သည်။

"အကိုယွန်းဂီ ယူစရာရှိတာသွားယူမယ်ဆိုတာ ဒါကြီးလား?.."

ဂျီမင်မှ ယွန်းဂီအား စသလိုနောက်သလို
ဖြင့် ဂျောင်ဂုကို လက်ညှိုးထိုးပြီး
မေးလိုက်သည်။

ထယ်ယောင်းတစ်ယောက်ကတော့
ဂျောင်ဂုနဲ့ မျက်နှာချင်းမဆိုင်ချင်သေး
တာကြောင့် မျက်နှာကိုလွှဲထားလိုက်သည်။

"နောက်မနေနဲ့ !

Tentလုပ်တာငါတစ်ယောက်ထဲမရဘူး..

မင်းတို့ကလဲ သုံးစားရမဲ့ပုံမပေါ်လို့
ဂျောင်ဂုပါသွားခေါ်တာ

သူ့ကိုကူလုပ်ပေးဖို့တွက် သဘော
တူညီချက်က

သူလဲငါတို့နဲ့ အတူအိပ်လိမ့်မယ်"

"ဘယ်လို!?"

ဂျောင်ဂုပါအတူအိပ်မယ်လို့ပြောလိုက်တော့
ဂျီမင်တစ်ယောက် ထယ်ယောင်းကို
လှမ်းကြည့်လိုက်သည်...

ထယ်ယောင်းကလဲ သူ့ဘက်ကိုကြည့်ကာပါးစပ်လှုပ်ပီး မဖြစ်ဘူးဟု
လှမ်းပြောနေတော့သည်။

"ဘယ်လိုလုပ်ရမှာလဲ အကိုယွန်းဂီကလဲ
သုံးယောက်တောင် တော်တော်ကျပ်နေပီကို..."

"အဲ့ဒါဆိုလဲ ငါနဲ့ဂျောင်ဂုနဲ့က
နှစ်ယောက်ထဲ Tentထိုးအိပ်လို့ရတယ်

မင်းတို့ကိုကူလုပ်ဖို့အချိန်မရှိတော့ဘူး
မင်းတို့လဲမင်းတို့ဘာသာTentထိုးအိပ်
ကြပေါ့.."

"မလုပ်တတ်မှန်းသိရဲ့သားနဲ့
ညစ်ပတ်လိုက်တာ"

ဂျီမင်နဲ့ ယွန်းဂီနှစ်ယောက်သား
လေးယောက်စုအိပ်ဖို့အတွက် အငြင်းပွား
နေချိန် သူတို့အနားကို  ဟိုဆော့
ရောက်လာတော့သည်။

"ဟျောင့်တွေ  Tentထိုးစရာရှိတာမထိုးဘဲ
ဘာလုပ်နေကြတာ?.."

"ဟိုဆော့ ငါနဲ့ဂျောင်ဂုအိပ်ဖို့အတွက်
Tentတစ်ခုပေး.."

"အကိုယွန်းဂီ ပြောတော့Tentထိုးပေးပီး
ကျနော်တို့နဲ့အတူ အိပ်မှာဆိုဗျ..."

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now