#unicode
တစ်ညလုံး အိမ်ပြန်မလာဘဲ
ဟိုတယ်မှာပဲအိပ်ခဲ့ကြတဲ့နှစ်ယောက်
မနက်အိမ်ပြန်လာချိန် ဂျွန်သခင်မကြီးဆီမှာ စစ်မေးခံရတော့သည်။"ညကနှစ်ယောက်လုံး ဘာလို့အိမ်ပြန်မလာကြတာလဲ?!..."
"ဟို..မာမီ..ကျနော်တို့ ညက...."
"တိတ်စမ်း!
အရွယ်ရောက်ပီးသား
ယောကျာ်းလေးနှစ်ယောက်က
အိမ်ကိုပြန်မလာကြဘဲ အပြင်မှာပဲ
တစ်ညလုံးအတူတူရှိနေခဲ့တာက ရိုးရိုး
သားသားမှ ဟုတ်ကြရဲ့လား?...""ဗျာ ရိုးပါတယ် မာမီရ...
ယောကျာ်းလေးအချင်းချင်းပဲလေ
ဘာမှမဖြစ်ပါဘူး""သားငယ် မာမီပြောနေရင်
ဖြတ်မပြောစမ်းနဲ့!""ဟုတ်"
ထယ်ယောင်းတစ်ယောက်ကတော့
တီလေးဒေါသထွက်နေပုံကို
ကြောက်တာနောက်ထားပီး
သားအမိနှစ်ယောက်ရဲ့တူညီပုံကို
ကြည့်ကာ အံ့ဩနေတော့သည်။ကိုကိုလဲ သူစကားပြောနေတုန်း
ဖြတ်ပြောရင် မကြိုက်ဘူးလေ...."သားငယ် မနေ့ညက မင်း
ထယ်ယောင်းလေးကို
ဘယ်ခေါ်သွားခဲ့တာလဲ?..""ဟိုတယ်ပါ မာမီ..."
"ဘာ!
ဟိုတယ်ကို ဘာကိစ္စနဲ့ခေါ်သွားရတာလဲ?..."
"အဲ့ဒီမှာ တစ်ည အိပ်ကြဖို့အတွက်ပါ"
တီလေးက ကိုကိုနဲ့သူ့အား တမျိုးထင်နေတာကြောင့် မေးမြန်းနေသည်ကို အထင်လွဲစရာပုံစံမျိုးဖြင့် ပြန်ဖြေနေတဲ့ ကို့ကိုကြောင့်
ထယ်ယောင်းဝင်သတိပေးလိုက်သည်။"မဟုတ်ဘူး..
ကိုကို ဘယ်လိုကြီးတွေပြောနေတာလဲ သေချာပြောပြလိုက်လေ..."
"ခုလဲပြောပြနေတာပဲလေ ဆံနီရ"
"ကိုကိုပြောနေပုံကြီးက တမျိုးထင်ချင်
စရာပုံကြီးလေ""ကဲ တော်ကြတော့ မင်းတို့နှစ်ယောက်
မေးတာပဲဖြေကြ"
"ဟုတ် (ဟုတ်ကဲ့).."
"ဟိုတယ်မှာ တစ်ယောက်တစ်ခန်းတည်း
ခဲ့ကြတာလား?"
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]