18

1K 71 3
                                    

#Unicode

1 week leater......

တစ်ပတ်လောက်အကြာမှာတော့
ထယ်ယောင်းလဲ ရေကူးကလပ်က
လူတွေအကုန်လုံးနှင့်  ရင်းနှီး
သွားပီး   အခုဆို စီနီယာ
နမ်ဂျွန်းတို့အတွဲနဲ့ပါ  ခင်နေကြပီ
ဖြစ်သည်....

ပတ်ခ်ဂျီမင်းတစ်ယောက်ကတော့
ကလပ်ထဲစဝင်နေထဲက အကုန်လုံးနဲ့
ခင်ပီးသားမလို့  အထူးတလည်ပြောမနေတော့ပေ....

အခုလဲ ဒင်းကတစ်ယောက်ထဲ ကလပ်တခုလုံးကို ပတ်စကားပြောနေတော့သည်....

တကယ် ပြောလဲပြောနိုင်တဲ့ ဟာလေး...

"ကဲ..ကဲ  ကိုယ်မင်းတို့အားလုံး
ကိုပြောစရာရှိတယ်..."

စီနီယာ  နမ်ဂျွန်းရဲ့အသံလဲ
ကြားရော ကလပ်တစ်ခုလုံး ငြိမ်သွားပီး
သေချာနားထောင်နေကြသည်။

"ဒီအပတ်ထဲမှာပဲ  ကိုယ်တို့ကျောင်းက
ကလပ်တွေအလိုက်  မရှိနွမ်းပါးတဲ့
နေရာတွေကို  သွားပီး အလှူလုပ်
ကူညီကြရမယ်.....

ဒါပေမဲ့ ရန်ပုံငွေက သိပ်မလုံလောက်လို့
ကလပ်တစ်ခုချင်းဆီ မခွဲတော့ဘဲ
ကလပ်နှစ်ခုစီ စုသွားကြရမှာ....

အဲ့ဒါကိုယ်တို့က ဘယ်ကလပ်နဲ့
ကျမလဲမသိပေမဲ့  ဘယ်ကလပ်နဲ့ပဲကျကျ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ပဲ 
အလှူသွားလုပ်မဲ့ ခရီးလေးကို
ငြိမ်းငြိမ်းချမ်းချမ်း လေးဖြစ်စေချင်တယ်.....

ကိုယ်ပြောချင်တာကို မင်းတို့အားလုံး
နားလည်မယ်လို့ထင်တယ်...."

All...."နဲလ်  နားလည်ပါတယ် စီနီယာ"

"ဟုတ်ပီ...."

ထယ်ယောင်းနဲ့ ဂျီမင်မှာလဲ
ဩဇာအာဏာအပြည့်နှင့်
ပြောပြနေသော စီနီယာနမ်ဂျွန်းကို
တစ်လှည့်.......

ဘေးမှနေပီး
ဂုဏ်ယူသောအကြည့်  မြတ်နိုးသော
အကြည့်တွေနှင့်  စီနီယာ နမ်ဂျွန်းအား
နူးနူးညံ့ညံ့လေး ကြည့်နေသော
စီနီယာဆော့ဂျင်ကို  တစ်လှည့်ဖြင့်

လိုက်ကြည့်မိပီး  စီနီယာတို့အတွဲကို
အားတောင်ကျမိသွားသည်။








"ဟျောင့်တွေ  နယ်ဘက်တွေမှာ
ပရဟိတသွားလုပ်ရမှာ သိပီးပီလား?"

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now