#Unicode
"ဂျက်ရေ...ဟျောင့်ဂျက်..ဟေးဂျက်...
မြှောင် မြှောင် မြောင် ...."
ခြံထဲမှာ ကုန်းကုန်းကွကွနဲ့
တစ်ယောက်ထဲ ဘာတွေအော်ပီး
ရှာနေမှန်းမသိတဲ့ ကိုကို့အနားကို
ထယ်ယောင်းလျှောက်လာလိုက်သည်။"ကိုကို ဘာတွေရှာနေတာလဲ?..."
"ဂျက်ကို.."
"ဟမ်?...ဂျက်..ဘယ်ကဂျက်
ကိုကိုခွေးမွေးလိုက်တာလား?...""မဟုတ်ပါဘူးကွာ....မင်းကိုလက်ဆောင်ပေးထားတဲ့ကြောင်လေးလေ သူ့ကိုခေါ်တာ
ခုနက ဒီနားမှာမြင်လိုက်တယ်....
ဘယ်ပျောက်သွားမှန်းမသိ....
မင်းဂျက်ကိုသေချာမကြည့်ဘူးလား
ဆံနီ?...""ကြည့်ပါတယ်ဗျ သူကခြံထဲမှာအမြဲလျှောက်ဆော့နေကြဗျ
ပီးရင်ကျနော့်ဆီပဲပြန်လာတာ""အော် အဲ့ဒါဆိုလဲပီးတာပါပဲ...."
"ကိုကိုပေးထားတာလား?.."
"ဘာကိုလဲ?.."
"ဂျက်ဆိုတဲ့ နာမည်ကိုလေ"
"အင်းလေ ဘာဖြစ်လို့လဲ?..."
"ခွီးး ဘာမှမဖြစ်ပါဘူး ..."
ထယ်ယောင်းတစ်ယောက် ကြောင်ကိုခွေးနာမည်ကြီး ပေးထားတဲ့ ကိုကိုကြောင့်
မထိန်းနိုင်ဘဲ ရယ်မိသွားတော့သည်။"ဘာမှမဖြစ်ဘူးလဲပြောသေး
မင်းရုပ်ကဘာဖြစ်?....""ဟဲ ဘာမှတော့မဟုတ်ပါဘူး....
ကိုကိုပေးထားတဲ့ နာမည်ကြောင့်...""ငါပေးတဲ့ နာမည်ကဘာဖြစ်နေလို့..."
"ဘာဖြစ်ရမှာလဲဗျ ခွီးး ကြောင်ကိုများ
ခွေးနာမည်သွားပေးရတယ်လို့ကိုကိုရာ...ဟားဟားး!!"
"ဘယ်...ဘယ်နေရာခွေးနာမည်နဲ့တူလို့လဲကွ"
ဂျောင်ဂုမှာ သူပေးထားတဲ့နာမည်ကို
ရယ်နေတဲ့ ထယ်ယောင်းကြောင့်
ရှက်ရမ်းရမ်းပီး မျက်နှာကြီးမှာ နီတွတ်နေတော့သည်။သူလဲစိတ်ထဲရှိရာကိုခေါ်ပီး
နာမည်ပေးလိုက်တာပဲဖြစ်သည်။
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]