#Unicode
ရွာလူကြီးနဲ့ ရွာသားတွေရဲ့စေတနာကိုအသိမှတ်ပြုတဲ့အနေနဲ့ ကျောင်းသားတွေ
အားလုံးနေ့လည်စာကို
ရွာကကျွေးတဲ့ထမင်းကိုပဲ စားလိုက်ကြတော့သည်။ပြန်မည့်အချိန်ကိုလဲ ထမင်းစားပီး
ခနလောက်အနားယူပီးတဲ့ အချိန်မှ
ပြန်မည်ဟု သတ်မှတ်လိုက်သည်။ထယ်ယောင်းနဲ့ ဂျီမင်ကလဲ နေ့လည်စာ
စားပီးသွားတဲ့အတွက် ရွာနောက်ဘက်က
တောစပ်နားမှာပဲ ထိုင်ရင်းအနားယူနေကြတော့သည်။ထိုအချိန် ကျောင်းသားတစ်ယောက်က
ထယ်ယောင်းကို ဂျောင်ဂုက ခေါ်ခိုင်း
လိုက်သဖြင့် လာခေါ်လေသည်။"ထယ်ယောင်း မင်းကို စီနီယာ
ဂျောင်ဂုကခေါ်ခိုင်းလိုက်လို့.....ရွာထဲကို ပစ္စည်းတွေလိုက်မဝေခင်
တုန်းကထားတဲ့ ရွာထိပ်ကတဲလေးထဲမှာ
စောင့်နေမယ်တဲ့....""ဟမ်...ကိုကိုကဘာလို့ ငါ့ကိုအဲ့ဒီခေါ်တာလဲ?.."
"ထယ်ယောင်း လိုက်ခဲ့ပေးရမလား?.."
"အင်း ရတယ်ဂျီမင်... ငါ့ဘာသာပဲ
သွားလိုက်မယ်""အင်းပါ"
ထယ်ယောင်းတစ်ယောက် ကိုကိုစောင့်နေတယ်ဆိုတဲ့ အတွေးလေးဖြင့် ရွာထိပ်ကတဲလေးဆီအမြန်သွားလိုက်သည်။
တဲဆီကို ရောက်သွားတော့ တံခါးဖွင့်ထား
တာကြောင့် ကိုကိုရောက်နေပီအထင်နှင့်
အမြန်ဝင်သွားလိုက်သည်။"ဂျိမ်းးး!!??"
"ဂျလောက်.....!"
သူတဲထဲကို ဝင်ဝင်လိုက်ခြင်းပဲ အပြင်ကနေ
တစ်ယောက်ယောက်က တဲရဲ့တံခါးကို
ဂျပ်လာထိုးပီး လာပိတ်တာကြောင့်
ထယ်ယောင်းမှာ တံခါးဆီသွားပီး
ပြန်တွန်းလိုက်သည်။"ဘယ်သူလဲ?...ကိုကိုလား?..
အခုတံခါးပြန်ဖွင့်ပေးနော် !!
ဒါနောက်စရာမဟုတ်ဘူး.....
ခနနေရင်လဲ အိမ်ပြန်ရတော့မှာ"
ဒုန် း း း !!!!
ထယ်ယောင်းဘယ်လောက်ပဲ တံခါးကို
ကိုင်လှုပ်လှုပ် နည်းနည်းလေးမှတောင်
နေရာမပျက်သွားတာကြောင့် မရမက
အားစိုက်ပီး ဇွတ်တွန်းနေမိတော့သည်။
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]