#Unicode
"ထယ်ယောင်း...ညကဂိမ်းဆော့ဖို့
လိုင်းတက်ခဲ့မယ်ဆိုပီး လာလဲမလာဘူးကွာ...""အာ..ငါမေ့သွားတာ ဂျီမင်....
ဂျက်ကီးနဲ့ဆော့ပေးနေလို့""အောအော ကောင်းပါတယ်
သူငယ်ချင်းထက်
အဲ့ဒီ ဂျက်ကီးပဲ ဂရုစိုက်နေလိုက် ဟွန့် ..."ဂျက်ကီးရှိကတည်းက ထယ်ယောင်းမှာ
သူ့အားသိပ်အချိန်မပေးတော့တာကြောင့်
ဂျက်ကီးအား ကြည့်မရသော
ဂျီမင်...အကိုယွန်းဂီနဲ့အတူ အကိုဂျောင်ဂုတို့အိမ်
ထယ်ယောင်းကိုတွေ့ဖို့လိုက်သွားရင်လဲ
သူ့ကိုကျ ပစ်ထားပီး ဂျက်ကီးပဲ
ဂရုစိုက်ပေးနေတဲ့
ထယ်ယောင်းကြောင့် ဂျီမင့်မှာ
ခနခနစိတ်ဆိုးရသည်။သူ့ သူငယ်ချင်းလေးထယ်ယောင်းက
အရင်က ဒီလိုမှ မဟုတ်ဘဲလို့ အီးးဟီးး
အရင်က ငါ့ငမျောက်လေးကို
ပြန်ခေါ်ပေးကြပါ....."ဂျီမင် စိတ်မဆိုးပါနဲ့ကွာ....."
"မသိဘူး...."
"ငါဒီညတက်ခဲ့မယ်နော်...အတည်"
သူငယ်ချင်းကို ကြာကြာစိတ်မဆိုးနိုင်တဲ့
ဂျီမင်တစ်ယောက် နောက်ဆုံးတော့လဲ
ထယ်ယောင်းစကားကိုပဲ ယုံစားပီး
ပြန်ခေါ်သွားတော့သည်။"အဲ့ဒါဆိုcanteenသွားမယ်လာ.."
"အင်း သွားကြမယ်...."
တစ်ဖက်ကဂျောင်ဂုတို့ အဖွဲ့ကလဲ
Canteenကိုရောက်နေကြသည်။"ဂျောင်ဂု....ခုတလောငါဟိုမိန်းမကို
မင်းအနားမှာမမြင်မိဘူး""ဟုတ်တယ် ယွန်းဂီ သူဟိုကိစ္စကို
ငါတို့ရိပ်မိမှန်း
သိကတည်းက ပျောက်သွားတာ""ဟျောင့်တွေ ဘယ်သူ့အကြောင်း
ပြောနေကြတာ..."ယွန်းဂီနဲ့ဂျောင်ဂုတို့ ပြောနေသည့်အကြောင်းအရာအား ဟိုဆော့မှမသိသေး၍ဝင်မေးလိုက်သည်။
"မင်းမသိပါဘူး ဟိုဆော့ရာ"
"အေးမသိလို့မေးနေတာပေါ့ကွ
ပီးကျ မင်းတို့တွေအခုတလော
ဘာလုပ်လုပ်ငါ့ကိုကျ
ဖယ်ထားကြတာမလားကွ!..
ဘာလဲမင်းတို့က
ငါ့ကို သူငယ်ချင်းစာရင်း
မသွင်းကြတော့ဘူးပေါ့"
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]