#Unicode
ထယ်ယောင်းတစ်ယောက် ဒီနေ့က
ကျောင်းပိတ်တဲ့အတွက် ခြံထဲမှာ
ထိုင်ကာ ဂိမ်းဆော့နေတော့သည်။အခုလိုသူ့မှာ လွတ်လပ်ရေးရနေရတဲ့
အကြောင်းက အခြားမဟုတ်
ကိုကိုအိမ်မှာမရှိလို့ပင်ဖြစ်သည်။"ထယ်လေး..."
"ဗျာ ကြီးကြီး ဘာခိုင်းစရာရှိလို့လဲ?"
"ဒီလိုပါကွယ် ညကျ ဒီအိမ်မှာ
ပွဲတစ်ခုလုပ်မလို့
အဲ့ဒါသားလဲ သွားပီ ကူညီပေးလိုက်အုံးလို့
ပြောမလို့""အော် ဟုတ်ကဲ့ ကြီးကြီး
ဒါနဲ့ ဘာပွဲလဲဟင်""သားကိုကိုရဲ့ မွေးနေ့ပွဲလေ"
"ဟင် ဟုတ်လား ကိုကို့မွေးနေ့ဆိုတော့
ခမ်းခမ်းနားနားကြီး လုပ်မှာပေါ့!ဟဲ အဲ့ကျ မွေးနေ့ကိတ်ကလဲ အကြီးကြီးနေလောက်မှာ"
"ဟုတ်တာပေါ့ထယ်လေးရဲ့
လုပ်ငန်းရှင်တွေဆိုတော့လဲ
အဲ့ဒါမျိုးတွေ လိုအပ်တာပေါ့ကွယ် ""ဟုတ်ကြီးကြီး ခနနေ
သားသွားကူလိုက်ပါ့မယ်""အေးအေး ထယ်လေး ဒီနေ့ညလုပ်မှာ
မလို့သွားဖြစ်အောင်သွားကူလိုက်နော်""ဟုတ်ကဲ့ ကြီးကြီး"
ထယ်ယောင်းလဲ ကြီးကြီးထွက်သွားပီး
သိပ်မကြာ ဂိမ်းဆော့နေတာကို လက်ဆ
သတ်ပီး ကူလုပ်ဖို့ရာ အိမ်ကြီးဘက်
ထွက်လာလိုက်သည်။At.....the ......5pm....
စံအိမ်ကြီးမှာ ရှိတဲ့ အလုပ်သမားတွေ
အားလုံး စုပြီး ပွဲအတွက်ပြင်ဆင်ကြရာ
ညနေငါးနာရီလောက်မှာပဲ အကုန်ပြင်ဆင်ပီးသွားတော့သည်။ထယ်ယောင်းမှာ ပြင်ဆင်ထား
တာတွေကို တစ်ခုချင်းစီလိုက်ကြည့်ပီး
တအံ့တဩဖြစ်နေတော့သည်။စံအိမ်ကြီးထဲမှာ ပြင်ဆင်ထားရုံတင်မက
ခြံထဲမှာပါ စားပွဲဝိုင်း များစွာချပီး
ခင်းကျင်းထားပုံက တကယ့်ကို
ပွဲကြီးပွဲကောင်းစံလှသည်။.....ထယ်ယောင်းတစ်ယောက် ခြံထဲကို
လိုက်ပတ်ကြည့်နေချိန်မှာပဲ
ကိုကို့ကားကို လှမ်းမြင်လိုက်ရသည်။
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]