#Unicode
"အ့......!
ဘာလို့ငါ့ခေါင်းတွေ ဒီလောက်ကိုက်
နေရတာလဲ?"မနက်အိပ်ယာထတဲ့အချိန် ဒီလောက်ထိခေါင်းကိုက်နေတာမျိုး မရှိဖူးတာကြောင့်
ဂျောင်ဂုအတွက် အခုအခြေနေက
အရမ်းကိုနာကျင်သည်။ခေါင်းကိုက်တဲ့ ဒဏ်နည်းနည်း
သက်သာသွားတဲ့အချိန်မှာ ဂျောင်ဂု
ဆံနီ့ကို မမြင်မိတာကြောင့်
ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။......
ထိုအချိန် သူ့ဘေးမှာ အဝတ်မပါဘဲ
လှဲအိပ်နေတဲ့
မိန်းမတစ်ယောက်ကြောင့် ဂျောင်ဂု
အလန့်တကြားနဲ့ သူ့ကိုယ့်သူ
ပြန်ငုံ့ကြည့်မိလိုက်သည်။သူကိုယ်တိုင်လဲ အောက်ပိုင်းမှာ
အောက်ခံဘောင်းဘီတစ်ထည်ပဲပါပြီး
အဝတ်ဗလာဖြစ်နေတော့သည်။"မင်း !!!!
မင်းကဘယ်လိုလုပ် ငါ့ဘေးမှာလာ
အိပ်နေရတာလဲ?...".....
" ဂျွန် နိုးလာပီလား"
"ယူဟယ်နာ!!!!"
"မင်းကဘာကိစ္စ ဒီလိုပုံစံနဲ့ ငါ့ဘေးမှာ
လာအိပ်နေရတာလဲ ဟမ်!..ဆံနီရော ငါ့ကလေးကို
မင်းဘာလုပ်လိုက်တာလဲ?""ဂျွန်ရယ်...ရှင်စိတ်အေးအေးထားပါ"
"ဒီအခြေနေထိဖြစ်နေတာကို ငါကဘယ်လိုစိတ်အေးအေား ထားရမှာလဲ ဟမ်!?
ပြောစမ်း!!
ဆံနီဘယ်မှာလဲ မင်းသူ့ကို ဘာလုပ်
လိုက်တာလဲ?""ကျွန်မ ရှင့်ဆံနီကိုဘာမှမလုပ်ရပါဘူး..
သေချာပြန်ကြည့်ပါအုံး ဂျွန်ရဲ့
အခုရှင်ရောက်နေတာ ကျွန်မ
အိပ်ခန်းထဲမှာပါ..""ဘာ!!?"
ယူဟယ်နာရဲ့ ခနဲ့တဲ့တဲ့အပြောကြောင့်
ရုတ်တရက်ဂျောင်ဂု အခန်းကို
ပတ်ပတ်လည် သေချာကြည့်ရှု့လိုက်သည်။ထိုအခန်းကတကယ်ကို သူနဲ့ဆံနီတို့ရဲ့
အခန်းမဟုတ်ဘဲ သူတခါမှ မမြင်ဖူးတဲ့
အခန်းဖြစ်နေတော့သည်။"မင်းပြောစမ်း?!
ဒါဆိုဘာကိစ္စနဲ့ ငါကမင်းအခန်းထဲကို
ရောက်နေရတာလဲ?
ပီးတော့ ဘာလို့ငါတို့နှစ်ယောက်ရဲ့
ပုံစံက ဒီလိုတွေဖြစ်နေရတာလဲ?"
![](https://img.wattpad.com/cover/327086210-288-k320612.jpg)
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]