#unicode
"သားငယ် မာမီမင်းတို့နှစ်ယောက်
ဟန်းနီးမွန်း ထွက်ဖို့အတွက်
jejuကအကောင်းစား
ဟိုတယ်တစ်ခုမှာ ဘိုကင်ယူထားပီးသားနော်
နှစ်ညအိပ်သုံးရက်ဆိုတော့ ကောင်းကောင်း
လည်ပီးကောင်းကောင်းပျော်ခဲ့ကြ
ဟုတ်ပီလား?...သွားရမဲ့ အချိန်ကတော့လိုပါသေးတယ်"
"ဟုတ် မာမီ.."
"ထယ်ယောင်းလေးရောကြားလား
ဟိုရောက်ရင် သွားချင်တဲ့နေရာမှန်သမျှ လိုချင်တာအကုန် သားကိုကိုကို ပူဆာလို့ရတယ် သိလားသားကိုကိုက သားကိုအနိုင်ကျင့်ရင်လဲ ပြန်ရောက်ရင်တိုင် သေချာလေးဆုံးမပေးမယ်..."
"ဟုတ်ကဲ့ တီလေး..."
"အာ..အာ
တီလေးမဟုတ်တော့ဘူးလေ
အခုသားငယ်လေးလို မာမီလို့ပဲခေါ်တော့
ထယ်ယောင်းလေးကလဲ မာမီ့သားဖြစ်သွားပီနော်..."Jejuကို ဟန်းနီးမွန်းမထွက်ခင်
မှာစရာရှိတာများအား
သားနှင့်သားမက်လေးတို့ကို
သေချာမှာနေသော
ဂျွန်သခင်မကြီးအား ဘေးမှ ကြီးကြီးရယ်
ထယ်ယောင်းရဲ့မိဘတွေရယ် နှုတ်ဆက်ဖို့
စောင့်နေကြတဲ့သူငယ်ချင်း များကလဲ
ပြုံးပြုံးကြီးတွေရပ်ကြည့်ပီး သူတို့အလှည့်ရောက်ဖို့ရာအတွက်စောင့်နေကြတော့သည်။"မာမီ...သားတို့အကုန်သိပါပီ....
သားဆံနီ့ကိုလဲ သေချာဂရုစိုက်ပါ့မယ်ဗျ..ဟိုမှာ ဆံနီ့ဖေဖေနဲ့မေမေကလဲနှုတ်ဆက်ဖို့စောင့်နေကြသေးတယ်လေ..."
မှာတမ်းခြွေနေတာမပီးသေးတဲ့
သူ့ရဲ့မာမီအား
ဂျောင်ဂုမှ ထယ်ယောင်းမိဘတွေဘက်ကို
လက်ညှိုးထိုးပြပီး အလှည့်ပေးဖို့ရာပြောလိုက်တော့သည်။ထိုမှသာ ဂျွန်သခင်မကြီးကလဲ
ထယ်ယောင်းမိဘတွေ
ဘက်ကို လှည့်လာပြီး ရှက်ပြုံးလေးပြုံးနေတော့သည်။"ဟုတ်သားပဲ ခမည်းခမက်တို့ လာကြလေ
ထယ်ယောင်းလေးကို မှာစရာရှိတာမှာကြအုံး..."ထယ်ယောင်းအာပါးနဲ့အိုမားကလဲ
သူတို့လက်ထဲတင်
ကြီးပြင်းလာတဲ့ကလေးလေးက အခုလိုအိမ်ထောင်ရှင်ကြီးတစ်ယောက်ဖြစ်သွားတာကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ပီး နှစ်ယောက်လုံးရဲ့မျက်လုံးထဲမှာလဲ အရည်ကြည်လေးတွေဝေ့နေတော့သည်။
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]