48

679 27 0
                                    

# Unicode

တစ်နှစ်အကြာ......

"ဟို ဒီကအကို  Instagramများသုံးလား
မသိဘူး"

"အမ်း သုံးတယ်ဗျ ဘာလို့လဲမသိဘူး"

"ဟီး  အကိုနဲ့စိတ်ချင်းနီးဆက်ချင်လို့  accလေးပေးလို့ရမလားဟင်"

ချွဲချွဲနွဲ့နွဲ့နဲ့ပြောလာတဲ့ ထိုမိန်းကလေးရဲ့စကားကိုတစ်ချို့ယောကျာ်းလေး
တော်တော်များများမှာ
လျှစ်လျှူရှု့နိုင်မည်မထင်...

သိုပေမဲ့ ဂျွန်ဂျောင်ဂုကတော့
လုံးဝမှတ်သွားပါပြီ...

"Sorry ကလေးမ ကိုယ့်မှာပိုင်ရှင်ရှိတယ်"

ဂျောင်ဂုဆီမှ ထိုစကားကိုကြားကြားချင်း
ကောင်မလေးမှာ ရှုံ့မဲ့သွားရှာတော့သည်

"ဟွန်း နှမြောစရာကောင်းလိုက်တာ"

သိပ်မကြာဘူး  ဂျောင်ဂုနဲ့
ထိုကောင်မလေးရှိရာနေရာကို 
ပေစောင်းစောင်းနဲ့ ရောက်ချလာတဲ့
ထယ်ယောင်းးး

"သခင်လေး 
သခင်မကြီးက ခေါ်ခိုင်းလိုက်ပါတယ်ခဗျ
ခရီးသွားဖို့အတွက်  လူစုံနေပြီမလို့
လာခဲ့ပါတော့တဲ့"

ထယ်ယောင်းကိုမြင်တဲ့အခါ
တစ်ချက်ပြန်လက်လာတဲ့
ခုနကကောင်မလေးရဲ့ မျက်လုံးအရောင်...

"ဟို  ဒီကအကိုကရော 
ဒီအကိုနဲ့ဘာတော်လဲ ဟင်?.."

"အာ ကျနော်နဲ့သူလား
ဘာမှမတော်ပါဘူးဗျာ
ဒီတိုင်း ကျနော်က သခင်လေးရဲ့အလုပ်သမားပါပဲ"

ထယ်ယောင်းရဲ့ ခပ်ရွဲ့ရွဲ့အဖြေကို ထိုကောင်မလေးမှ
တကယ်ထင်မှတ်သွားပြီး  မြှားဦးက
ထယ်ယောင်းဘက်လှည့်လာတော့သည်။

"ဟာ ဒီရုပ်ရည်နဲ့ သူများဆီမှာ
အလုပ်သမားအဖြစ်နေနေတာ
နှမြောစရာကောင်းပါတယ်
ညီမနှလုံးသားရဲ့ ပိုင်ရှင်လာလုပ်ပါလား
အရှင်သခင်တစ်ယောက်လိုမျိုးကို
ဖူးဖူးမှုတ်ထားမှာ ဟီးး"

လူကြည့်တော့ ပေါက်စနရှိသေးတဲ့ ကောင်မလေးဆီမှဆရာကြီးအထာနဲ့
ဖလစ်စကားတွေထွက်လာတာကြောင့်
ထယ်ယောင်းမှာ ခုနကသူ့လူနဲ့သဝန်တိုထားတာတွေပါပျောက်ပြီး ပြုံးရယ်မိသည်။

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now