20

1K 71 1
                                    

#Unicode

ကျောင်းကားကြီးဟာလဲ ပရဟိတ
လုပ်မဲ့ ရွာလေးဆီသို့ မနက်ထဲက
ဦးတည်ပြီး မောင်းလာရာခုဆို
နေ့ခင်းတောင် ရောက်သွားပီဖြစ်သည်။

အချိန်အားဖြင့် နေ့လည်စာစား
ချိန်ရှိပီမလို့ ဒရိုက်ဘာဦးလေး
ကြီးမှ  ခနနားဖို့ရာအတွက်
ဆိုင်တစ်ဆိုင်မှာ ကားရပ်ပေးတော့သည်။

စားသောက်ဆိုင်ထဲမှာလဲ
ကျောင်းသားများကြောင့်
ဆူဆူညံညံမဖြစ်စေရန် စီနီယာနမ်ဂျွန်းမှ
ဦးဆောင်ပီး နေရာချပေးနေတော့သည်။

ထို့နောက်ထယ်ယောင်းနဲ့ဂျီမင်မှာ
အိပ်ပျော်နေကြတာကြောင့် စားသောက်
ဆိုင်ထဲကို နောက်ကျမှရောက်လာကြသည်။

စားသောက်ဆိုင်ထဲကို ကြည့်လိုက်တော့လဲ
နေရာအလွတ်တနေရာတောင်မတွေ့ရ...

ထိုအချိန်မှာပဲ နမ်ဂျွန်းက
ထယ်ယောင်းတို့ကို လှမ်းခေါ်လိုက်သည်။

"ထယ်ယောင်းနဲ့ဂျီမင်
ကိုယ်တို့နဲ့လာထိုင်လေ"

"ဟုတ် ကျေးဇူးပါဗျ အကိုနမ်ဂျွန်း..."

"ရပါတယ် ထယ်ယောင်းရာ
မိတ်ဆွေတွေပဲကို...

ဒါနဲ့မင်းတို့က ဘာလို့နောက်ကျနေတာ"

နမ်ဂျွန်းအမေးကို ကြားထဲမှ ဂျီမင်က
မကျေမနပ်ဖြင့် ဝင်ဖြေတော့သည်။

"ကျနော်တို့နှစ်ယောက်လုံးအိပ်ပျော်သွား
တာလေဗျ အဲ့ဒါကို ဘယ်သူမှနှိုးမပေးကြဘူး!

ခုတောင် ကားဒရိုင်ဘာ ဦးလေးကြီးကနှိုး
လွှတ်လိုက်လို့ဗျ"

"အာ...sorryကွာ ကိုယ်နဲ့ဆော့ဂျင်ကလဲ
ကျောင်းသားတွေ နေရာချပေးဖို့အတွက်နဲ့
မင်းတို့ကို သတိမထားလိုက်မိဘူး"

"ဟုတ်တယ် sorryနော်
ဂျီမင်နဲ့ထယ်ယောင်း"

"ရပါတယ် အကိုနမ်ဂျွန်းနဲ့
အကိုဆော့ဂျင်ရ ကျနော်တို့နှစ်ယောက်
စိတ်တိုတာကလဲ အကိုတို့ကို မဟုတ်ပါဘူး

တခြား မသိတတ်တဲ့လူတွေကိုပါ..."

ထယ်ယောင်းမှ သူတို့ဘေးဝိုင်းမှာ
ထိုင်နေသော ဂျောင်ဂုတို့ကြား
အောင် အသံကိုဖိပြောလိုက်သည်။

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now