31

1.1K 80 2
                                    

#unicode

"ထယ်လေး ပစ္စည်းတွေသိမ်းပီး
ဘာလုပ်မလို့တုန်း?"

"အိမ်ပြန်တော့မလို့ ကြီးကြီး
သားအလုပ်ထွက်တော့မယ်

မဟုတ်လဲ တီလေးကကြီးကြီးအတွက်
အခြားတစ်ယောက် ငှားပေးထား
သေးတယ်မလား"

"အဲ့ဒါလဲအဲ့ဒါပေါ့ကွယ် ဒါမဲ့သားကိုကို
ရောအသိပေးပီးပီလား"

"ဟုတ် သူကကျနော်အလုပ်ထွက်လဲစိတ်မဝင်စားပါဘူး"

"ထယ်လေး သားကိုကိုနဲ့များ တစ်ခုခုဖြစ်လာလို့လား?.."

"ဟင့်အင်း....

သားသွားတော့မယ်ကြီးကြီး
ကျန်းမာရေး ဂရုစိုက်နော်"

"အေးပါကွယ် ဂရုတစိုက်ပြန်အုံး"

"ဟုတ်ကဲ့"

Luggageအားဆွဲပီး ထွက်သွားတဲ့
တူဖြစ်သူကို ကြည့်ပီး အိမ်တော်ထိန်း
ကင်မ်မှာ သက်ပြင်းချလိုက်သည်။

ထယ်ယောင်းလေးအခုလိုဆုံးဖြတ်လိုက်တာ
က ဂျောင်ဂုလေးနဲ့တစ်ခုခုဖြစ်လာလို့ဆိုတာ
အသေချာပဲဖြစ်သည်။

ပီးရင်လဲ နေနိုင်ကြသည်မဟုတ်တာကို
အခုခေတ်ကလေးတွေက တယ်ခက်ကြသကိုး....













အခုအချိန်ထိ စံအိမ်ထဲကိုမဝင်သေးဘဲ
ခြံထဲမှာပဲ ထိုင်ပြီး ဒေါသကိုဖြေနေသော
ဂျောင်ဂု....

ဂျက်ကီးကို ဆံနီသတ်လိုက်တဲ့ကိစ္စက
စဉ်းစားလေ လက်မခံနိုင်လေပဲဖြစ်သည်။

ခုနတုန်းကသာ စိတ်တိုနေဇောနဲ့ အမှန်အမှား
မခွဲခြားနိုင်တော့ဘဲ သေချာလဲမမေးမြန်းဘဲ
ကလေးကို နှင်ထုတ်လိုက်မိသည်။


"ဟုတ်သား CCTV!

ဟေး ခြံထဲမှာ CCTVတွေတပ်ထားတယ်မလား?...."

ဂျောင်ဂုမှ သူ့ဘေးက အလုပ်သမားတစ်ယောက်အား လှမ်းမေးလိုက်သည်...

"ဟုတ်ကဲ့ သခင်လေးတပ်ထားပါတယ်"

"အဲ့ဒါဆိုရင် ငါဒီနေ့မှတ်တမ်းကို
ပြန်ကြည့်ချင်တယ်"

"ဟုတ်ကဲ့ဗျ"








A few minutes later.......

CCTVမှပြန်ကြည့်တဲ့အခါ ဂျက်ကီးကို
သတ်တဲ့တရားခံမှာ ထယ်ယောင်းမဟုတ်ဘဲ
ယူဟယ်နာဖြစ်နေတော့သည်။

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now