#Unicode
ထယ်ယောင်းမှာတော့
ဟိုလူဒေါသထွက်ပြီး
ဆင်းလာမည့်ပုံကို ကြည့်ဖို့ရာအတွက် အောက်ထပ်ကနေ
စောင့်မျှော်နေတော့သည်.....သိုပေမဲ့သူမျှော်လင့်နေသလိုတော့
ဖြစ်မလာခဲ့......သူထုတ်ထားပေးခဲ့တဲ့ ပန်းနုရောင်
အဝတ်အစားတွေဖြင့် အပေါ်ထပ်မှ
တည်တည်ငြိမ်ငြိမ်
ဆင်းလာသောထိုလူ.....လိုက်ဖက်လွန်းတယ်အရမ်းကိုမှ.....
ဘာလို့အဲ့လောက်ထိ ချောမောသွားရတာလဲ?အခုဟာကလဲ သူမုန်းတယ်လို့ ထင်ရတဲ့အရောင်နဲ့မှလေ?...
တချို့ ယောကျာ်းတွေဆိုအဲ့လိုအနုအယွတွေနဲ့ လုံးဝကိုမလိုက်ဖက်တာလေ.....
ဒါနဲ့ အဲ့ ယောကျာ်းတွေထဲမှာ
ထယ်ယောင်းဆိုတဲ့ ငါကတော့
သေချာပေါက် မပါဘူးပေါ့ ဟမ်း...ဘာဖြစ်လို့
ဒီလူကျမှဘာလို့နတ်သားတစ်ပါး
အတိုင်းဖြစ်နေရတာလဲ...??ဒါပေမဲ့ငါဝတ်ရင်ပိုလိုက် မှာ ဟွန့်...
ငှားဝတ်လိုက်ရင်ကောင်းမလား?...အာ...တော်ပါပီ...
ဂျောင်ဂုကတော့ သူဆင်းလာထဲက
ပါးစပ်အဟောင်းသားဖြင့် သူ့အားလိုက်ကြည့်နေသော ဆံနီလေးကြောင့်
ရီချင်စိတ်ကို မနည်းထိန်းထားရသည်.....နောက်တော့
သူမျှော်လင့်သလိုဖြစ်မလာလို့ထင်ပါရဲ့....
ရုပ်ကလေးက စူပုပ်ပုပ်လေးပြန်ဖြစ်သွား
တော့သည်....."ဟဲ့ ကလေးတွေ ထမင်းစားခန်းထဲမလာဘဲ
ဘာလုပ်နေကြတာလဲ""ဟုတ်ကဲ့လာပီ ကြီးကြီး"
ထယ်ယောင်းတို့ ထမင်းစားခန်းထဲရောက်တော့ တီလေးက စားပွဲရှေ့မှာ
ထိုင်နေပီဖြစ်သည်......
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]