19

1K 71 1
                                    

#Unicode

မနက်ဖြန်ဆိုရင် နယ်ဘက်ကို
ပရဟိတသွားလုပ်ရမှာကြောင့်
ထယ်ယောင်းမှာ လိုအပ်တာများ
ထည့်နေတော့သည်။

"ထယ်လေး..."

"ခဗျာ ကြီးကြီး..."

"ဘာတွေလုပ်နေတာလဲ?.."

"ကျောင်းက ပရဟိတခရီးအတွက်
လိုအပ်တာတွေထည့်နေတာပါဗျ"

"အော် ဟုတ်သားပဲ...ဘယ်နှစ်ရက်ကြာမှာလဲ
ထယ်လေး..."

"တစ်ညအိပ်နှစ်ရက်တဲ့ ကြီးကြီး..."

"ဟုတ်ပါပီကွယ်....လိုအပ်တာရှိရင်
ကြီးကြီးကိုပြော..."

"ဟုတ်ကြီးကြီး....ခုတော့ဘာမှမလိုသေးဘူး...

ဒါနဲ့ ကြီးကြီးသားကို ဘာခိုင်းမလို့..."

"အော် ခြံထဲကို ခန်းဆီးလျှော်ပီးသား
လေးတွေ လှမ်းခိုင်းမလို့ပါကွယ်....."

"အာ..ဟုတ်ကဲ့ကြီးကြီး....
သားဒါပြီးရင် သွားလှမ်းလိုက်မယ်..."



15minutes later.........

"ထယ်ယောင်းလေး"

"အာ..တီလေး..ဘာခိုင်းစရာရှိလို့လဲဗျ"

"ဘာမှမရှိပါဘူးကွယ်...ခြံထဲမှာ
ထယ်ယောင်းလေးကိုတွေ့လို့ ဆင်းလာတာ"

"အော်...ဟုတ်ကဲ့"

"ဒါနဲ့ ထယ်လေးတို့ကျောင်းက ခရီး
ထွက်ရမှာဆို"

"ဟုတ်တယ် တီလေးက ဘယ်လိုသိတာ..."

"သားကိုကိုပြောတာလေ..."

"အာ..ဟုတ်သားပဲ ကိုကိုတို့လဲ
ထွက်ရမှာကိုး...."

"တီလေးသားကိုကို ကိုပြောထားတယ်
သိလား...

ခရီးမှာ ထယ်ယောင်းလေးကို အနိုင်မကျင့်
ဖို့ရယ်....ဂရုစိုက်ပေးဖို့ရယ်..."

"...ကိုကိုနဲ့  ကျနော်က တူမှမတူတာ
တီလေးရဲ့"

"အယ်...သားကိုကို ပြောတာ
သားတို့နဲ့တူတူ သွားရမှာတဲ့"

"ခဗျာ!....တကယ်ကြီးလား??!!"

"အမလေး လန့်လိုက်တာ
ထယ်ယောင်းလေးရယ်"

ဂျောင်ဂုနဲ့ အတူသွားရမှာသိပြီး
ထအော်တဲ့ ထယ်ယောင်းကြောင့်
ဂျွန်သခင်မကြီးတောင်  လန့်သွားရှာ
တော့သည်။

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now