#Unicode
"ကိုကို မခြောက်သေးဘူးလား?"
"အင်း"
"ဟင်း....တော်တော်ကြာနေပီဗျ
ဟုတ်ရောဟုတ်လို့လား?"
"မယုံရင်လာကိုင်ကြည့်..."
"တော်ပါပီ"
အခုချိန်ထိကို မပြန်ကြသေးဘဲ
ရေကူးကန်ဘေး
မှာပဲ ထိုင်နေကြသော ထယ်ယောင်းနဲ့
ဂျောင်ဂု.....ထယ်ယောင်းမှ ဂျောင်ဂုအား
သိပ်မသင်္ကာချင်တော့ပေ......အချိန်တစ်နာရီနီးပါး အခြောက်ခံပီးတာ
တောင် မခြောက်နိုင်သေးသော
ဂျောင်ဂုအဝတ်တွေကြောင့် စိတ်ကလဲမရှည်ချင်တော့.....မခြောက်သေးဘူးလားမေးရင်လဲ
အင်းတစ်လုံးပဲ ပြန်ဖြေပီး ဘာမှမပြောဘဲ
ထိုင်နေတဲ့ ကိုကို့ကြောင့် စိတ်ထဲမှလဲ
ကျိန်ဆဲနေမိသည်။ဒါတမင်သက်သက် အချိန်ဆွဲပီး
သူအတန်းပျက်ရအောင် ယုတ်မာနေတာ!...ထိုအချိန်မှာပဲ ဂျောင်ဂုဘက်မှ
ထယ်ယောင်းအား စကားစပြောလာသည်။"ဆံနီ"
"ဘာလဲ ခြောက်သွားပီးလားကိုကို"
"ဘာ ခြောက်ရမှာ?"
"အဝတ်ပြောတာလေ အဝတ်"
"မခြောက်သေးဘူး"
"ဟင့်...အာ့ဆိုဘာလို့ခေါ်တာလဲဗျ"
"မေးမလို့..?"
"ဘာမေးမှာလဲဗျာ"
"မင်းခုနကငါ့ကို ဘယ်လိုကယ်တာလဲ"
"ဘာ..ဘယ်လိုကယ်ရမှာလဲ...
ရေ..ရေထဲကဆွဲထုတ်ပီးကယ်တာပေါ့ဗျ"
"မဟုတ်ဘူး သတိပြန်ရလာအောင်
ဘယ်လိုလုပ်လဲမေးတာ...""ကိုကိုကဘာလုပ်ဖို့လဲ..."
"ငါ့စိတ်ထဲ တခုခုခံစားလိုက်ရလို့ ခုနက"
"ဘာ..ဘာခံစားရတာလဲ?.."
"နူးညံ့တယ်.....ချိုတယ်...
မင်းဖြေ.....အဲ့ဒါဘာလဲ??"
ဂျောင်ဂုဘက်မှ အသေအချာပြောပြပီး
မေးလာတာကြောင့်...ထယ်ယောင်းမှာ
ခုနကသူကယ်တဲ့နည်းကို ပြန်တွေးမိပီး
မျက်နှာတွေနီရဲကာ....စကားတွေပါ
ထစ်ကုန်တော့သည်။
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]