#Unicode
"ဟျောင့် ဂျက်ကီးစုတ် ပြောစကား နားထောင်
မဟုတ်ရင် ရိုက်သတ်ပြစ်မှာ ဟွန်း""ဆံနီ ကလေးကို ဘာမဟုတ်သုတ်ခတွေပြောနေတာလဲ?.."
"မဟုတ်လို့လားဗျ ဒီကောင်ဒီလောက်ဆိုးတာ
မနေ့ကလဲ ကျနော့်လက်ကို ကုတ်သေးတယ်စိတ်မရှည်ရင် သတ်ပစ်မှာပဲ"
"မင်း ပါးစပ်ကိုပိတ်လိုက်တော့ဆံနီ!
ဂျက်ကီးကို ငါ့ဆီပေး ကလေးရှေ့နောက်ခါ
အဲ့လိုတွေမပြောနဲ့!""ပြောမှာပဲဗျာ မထိန်းဘူးရော့ ရော့ ယူ
အဲ့အကောင်စုတ်ကို ဟွန့်"ဂျက်ကီးကြောင့် ဂျောင်ဂုနဲ့ ရန်ဖြစ်ပီး
တခွန်းမကျန်ပြန်ပြောကာ ဆောင့်အောင့်ပီး
အိမ်လေးဘက်ကို ပြန်သွားသော ထယ်ယောင်း...ဂျောင်ဂုမှာလဲ ထွက်သွားတဲ့
ကျောပြင်လေးကို
ကြည့်ရင်း သက်ပြင်းချလိုက်တော့သည်။ဒီကလေးဘာလို့ အခုတလော
စိတ်ဆတ်နေလဲမသိတွေ့သမျှကို ရန်ရှာပီး သူ့ကိုလဲ
အရင်ကထက်
ပိုခံပြောလာတော့သည်။ထိုအချိန်မှာပဲ ခြံထဲကို ရောက်လာတဲ့
ဟယ်နာ..."ဂျွန်..."
"ဟယ်နာ ဒီကိုဘာလာလုပ်တာ
ဘာကိစ္စရှိလို့လဲ?.."ဂျောင်ဂုရဲ့ လာတာကိုမကြိုက်သည့်ပုံစံဖြင့်တည့်တိုးအမေးကြောင့် ဟယ်နာတစ်ယောက် မျက်နှာပျက်သွားရသည်။
နောက်မှ ပြန်ထိန်းပီး အပြုံးချိုချိုနဲ့
တုံ့ပြန်လာသည်။"အာ..အလုပ်ကိစ္စသွားရင်းနဲ့
ဒီဘက်လမ်းကြုံလို့ဂျွန်ရှိမလားဆိုပီး ဝင်လာတာရယ်..."
"အော်...တစ်ခုခုသောက်အုံးမလား?.."
"ဟို...အပြင်ကပူတော့လေ
နည်းနည်းမောလာလို့
သံပုရာရည်လေးတစ်ခွက်လောက်
ရမလားဂျွန်""အင်း...ရပါတယ် ခနစောင့် "
ဂျောင်ဂုလဲ ဟယ်နာ့ဘက်က
အခုတလောဘာမှမလှုပ်ရှား
တော့တာကြောင့် အသိစိတ်
ပြန်ဝင်ပီဟုတွေးပီး ကိုယ့်အိမ်လာတဲ့
ဧည့်သည့်ကို ကောင်းကောင်းဆက်ဆံ
ရမယ်ဆိုတဲ့စိတ်နဲ့ ဂျက်ကီးကို ထားခဲ့ပီး
သံပုရာရည်ဖျော်ဖို့ထွက်လာလိုက်သည်။
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]