#Unicode
ညနေကျောင်းဆင်းချိန်
ထယ်ယောင်းမှာ
အိမ်ကိုပြန်ဖို့အတွက်
ကားပိုင်ရှင်
ကိုကိုအားစောင့်နေရသည်။နောက်မိနစ်နှစ်ဆယ်လောက်နေမှ
ကျောင်းဝန်းထဲကနေ ရှိုးစမိုး
အပြည့်နဲ့ထွက်လာသော ကိုကို့ကြောင့်
မျက်မှောင်လေးကိုကုတ်ကာ
ကားနားရောက်တဲ့အချိန်ထိ
ထယ်ယောင်းတစ်ယောက်
စိတ်ရှည်ရှည်နဲ့
စောင့်ပေးနေရသည်။ဂျောင်ဂုကျောင်းပြင်ကိုထွက်လာ
ကတည်းက ကျောင်းပေါက်မှာ
သူအူယားရတဲ့ ခေါင်းနီနီ
လေးကို လှမ်းမြင်နေရသည်။သူအနီးနားကိုရောက်သွားလေ
ခေါင်းနီလေးရဲ့ မျက်မှောင်လေးတွေဟာ
ပိုကုပ်သွားလေမလို့
ဂျောင်ဂုမှာ ဘာကိုများ
အလိုမကျဖြစ်နေရလဲဆိုတာ
သိရဖို့အတွက်
သူ့ဦးနှောက်လေးကို
အလုပ်ပေးလိုက်ရသေးသည်။ဦးနှောက်လေးကို အလုပ်ပေးပီး
တဲ့နောက် ဂျောင်ဂု
သိလိုက်ရတာကတော့
ဆံနီလေးမျက်မှောင်ကုပ်နေရတဲ့
အကြောင်းမှာ
သူကျောင်းပြင်ထွက်လာတာ
နောက်ကျလို့ပဲဖြစ်ရမည်။သူထွက်လာချိန်နောက်ကျရတဲ့
အကြောင်းကလဲ အခြားမဟုတ်
မင်ယွန်းဂီဆိုတဲ့ ငနဲက ရစ်နေလို့
ပင်ဖြစ်သည်။မှုန်ကုပ်ကုပ်နဲ့ ဆံနီလေးကို
ကားနားရောက်ရောက်ချင်း
ဂျောင်ဂုမှ စကားစလိုက်တော့သည်။"ကြာပီလား??"
"ဟုတ်ကဲ့ တော်တော်ကြာပီဗျ"
"တက်"
သူကလဲနောက်ကျသေးတယ်
အကြောကြီးနဲ့ ကိုကို့ကြောင့်
ထယ်ယောင်းတစ်ယောက် ကားပေါ်ကို
အောင့်ဆောင့်တက်ပီး မကျေနပ်ကြောင်း
ပြလိုက်သည်။သို့ပေမဲ့လဲ ကိုကိုက သူ့ဘက်တောင်
မကြည့်ဘဲ ကားပေါ်ရောက်တာနဲ့
တန်းမောင်းတော့သည်။"ဘာလို့ canteenမလာတာလဲ?"
လမ်းတဝက်လောက်ရောက်မှ
စကားစကာ
အဆက်ဆက်မရှိ မေးလာတဲ့
ကိုကိုကြောင့် ထယ်ယောင်းမှာ
ကြောင်တောင်တောင်ဖြင့်သာပြန်ဖြေလိုက်သည်.....
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]