#Unicode
"မာမီ"
ဂျောင်ဂုရဲ့ ခေါ်သံအား လျစ်လျူရှုကာ
သူ့သားမက်လေးဆီကို ပဲ ဦးတည်နေသော
ဂျွန်သခင်မကြီး...."ထယ်ယောင်းလေး ဘာဖြစ်လို့ငိုနေတာလဲ
မာမီ့ကိုပြောစမ်း!..."ဂျွန်သခင်မကြီးမှာ ငိုနေတဲ့
သူ့သားမက်လေးဘေးကိုသွားပြီး
ပခုံးလေးကိုပုပ်ကာ
ချော့မေးနေတော့သည်။မာမီရဲ့ အပြုအမူကြောင့် ထယ်ယောင်းရဲ့
ရင်ထဲ နွေးထွေးလွန်းတဲ့လှိုင်းလေး
ဖြတ်ပြေးသွားပြီး ခုနကတည်းက
တင်းခံထားတဲ့ စိတ်ကို
အားကိုးရာတွေ့သွားသည့်အလား
မာမီ့ရဲ့ရင်ခွင်ထဲဝင်ပြီး ငိုကာလျှော့ချပစ်လိုက်တော့သည်။"ဟင့်..မာမီ ကျနော်ဘယ်လိုလုပ်ရမလဲဟင်
ဒီရင်ဘက်ထဲကတအားနာတာပဲ...
နာကျင်လွန်းလို့ မခံစားနိုင်တော့ဘူးး"
သူတို့အားလုံးရဲ့ မျက်စိရှေ့မှာ အမြဲတမ်း
ပျော်ပျော်ရွှင်ရွှင်ပဲနေတတ်တဲ့ ကလေးလေးက အခုလိုသဲကြီးမဲကြီးငိုနေတာကြောင့်
ဂျွန်သခင်မကြီးနဲ့ ဘေးကကြည့်နေကြတဲ့
အလုပ်သမားတွေပါ ရင်ထဲခပ်တင်းတင်း
ကြီးဖြစ်သွားရသည်။ထိုအချိန်မှာပဲ ဂျွန်သခင်မကြီးက
သူမရဲ့သားဂျောင်ဂုအား အေးစက်စက်မျက်လုံးတွေဖြင့်
သေချာစိုက်ကြည့်လိုက်သည်။သားဖြစ်သူနဲ့မျက်လုံးချင်းဆုံသွားတဲ့
အခါမှာလဲ ထယ်ယောင်းလေးငိုနေတာအား
ထပ်တူနာကျင်ခံစားနေရတဲ့ ပုံပေါက်နေတာ
ကြောင့် သူမ နားမလည်သလိုဖြစ်သွားရသည်။သူမရဲ့အထင်က နှစ်ယောက်သား
ရန်ဖြစ်စကားများကြပီး သားငယ်က
ထယ်ယောင်းလေးကို အရွဲ့တိုက်ဖို့တွက် မိန်းကလေးတစ်ယောက် ခေါ်လာတာ
ကြောင့် ဖြစ်မည်ဟုထင်ခဲ့သည်။အခုအခြေအနေကိုကြည့်ရသလောက်ကတော့ ပြဿနာက သူမတွေးထားသလောက် သေးမည်ဟုမထင်..
သားနဲ့သားမက်ဖြစ်သူ နှစ်ယောက်လုံးရဲ့
ပုံစံမှာ အလွန်နာကျင်နေကြတာကြောင့်
ပါလာတဲ့မိန်းကလေးဘက်ကိုပဲ ဦးတည်ပြီး
သူမအေးစက်စွာ လှည့်ကြည့်လိုက်သည်။
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]