46

631 28 0
                                    

#unicode

"အဲ့ဒီမိန်းကလေးရဲ့ အချစ်ကလဲကြောက်စရာပဲကွဲ့"

သိပ်မကြာခင်ကမှ ဂျွန်အိမ်တော်ကို
ပြန်ရောက်လာတဲ့ ထယ်ယောင်းကြီးကြီးက မင်ယွန်းဂီရိုက်ယူလာခဲ့တဲ့ အသံဖိုင်တွေနဲ့ videoကိုကြည့်ပြီး အဆုံးမှာပြောသည်။

"သူ့ကြည့်ရတာ အတ္တကြီးလွန်းတဲ့
အချစ်ရူးတစ်ယောက်လိုပဲ"

ထယ်ယောင်းကြီးကြီးရဲ့စကားအား
သဘောမကျချင်သော ဂျီမင်မှ
ကြားထဲကဝင်ထောက်ပေးရှာသည်။

"အချစ်ရူးမဟုတ်ပါဘူး ကြီးကြီးရယ်
လင်တရူးပါ

သူများလင်ကို ဒီလောက်လိုချင်နေမှတော့ လင်တရူးတာပဲပေါ့ဗျ"

ဂျီမင့်စကားကြောင့်  ထယ်ယောင်း
တို့အပြင်ဘေးမှရှိနေသော
အလုပ်သမားတွေကပါရယ်မိကြသည်...

ဂျီမင်ကလူကောင်သာသေးတာ
သူ့စကားလုံးကြီးတွေကအကြီးကြီး
သူများမစဉ်းစားတာတွေကိုလဲ သူကပဲစဉ်းစားတတ်တာ
အခုလဲပြောချလိုက်မှတော့ဖြင့်
လင်တရူးဟုနှုတ်ခမ်းလေးထော် ရှုံ့တွပြီးပြောလာတဲ့ ကလေးလေးကို မင်ယွန်းဂီမှ တော်တယ်ဆိုသည်သဘောနဲ့
လက်ကလေးအား ပြုံးတုံ့တုံ့ဖြင့်
သဘောတကျလှမ်း ဆုပ်ကိုင်လိုက်သည်။

အခုဆိုရင်တော့ ဂျောင်ဂုရဲ့
အရှုပ်တော်ပုံကြီးက
မင်ယွန်းဂီ ကျေးဇူးဖြင့်
လုံးဝကို ကွက်ကွက်ကွင်းကွင်း
ရှင်းလင်းသွားပြီဖြစ်သည်။

ထယ်ယောင်းတစ်ယောက်ကတော့ 
အစထဲကဒီကိစ္စတွေကို စိတ်ထဲသိပ်မထားတော့ပေမဲ့ အခုလိုရှင်းရှင်း
လင်းလင်းသိလိုက်ရတော့ 
တော်တော်လေးကို
စိတ်ထဲပျော်သွားရသည်။

ကိုကို့အားလှမ်းကြည့်လိုက်တော့လဲ
ကိုကိုမှ သူမတွေ့တာကြာနေပီဖြစ်တဲ့ လူယုတ်မာပြုံးကြီးအားဆင်မြန်းလျှက်
သူ့ကိုစိုက်ကြည့်နေရင်း
မျက်ခုံးတစ်ဖက်ပင့်ပြသည်

သဘောကတော့  ကိုယ်ဘာမှမလုပ်ခဲ့ဘူး
တွေ့လားဆိုပြီး ဂုဏ်ဆာပြနေတဲ့ပုံပင်.....

"ကဲ အဲ့ဒီမိန်းကလေးအကြောင်းကို
ဒီနေ့အကုန်သိလိုက်ရပြီဆိုတော့ သူ့ကို
ငါ့အိမ်ပေါ်မှာဘယ်လိုနည်းနဲ့မှ
ဆက်မထားနိုင်ဘူး

⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]Where stories live. Discover now