#unicode
နောက်ဆုံးမှာ ဂျောင်ဂုနဲ့ထယ်ယောင်းတို့
ဟန်းနီးမွန်းခရီးစဉ်ဖြစ်တဲ့ jejuကို
ရောက်ရှိလာကြပီပဲဖြစ်သည်။ဂျောင်ဂုတို့ jejuက ဂျွန်သခင်မကြီး
ဘိုကင်ယူထားပေးတယ်ဆိုတဲ့ ဟိုတယ်ကိုရောက်ရောက်ချင်းVIP Roomဆီ
ဟိုတယ်က ဝန်ထမ်းမလေးက
လိုက်ပို့သည်။နှစ်ယောက်လုံး ခရီးပန်းလာတာကြောင့်
အခန်းကိုရောက်ရောက်ချင်း နှစ်ယောက်အိပ်
ကုတင်ပေါ်မှာ ပြိုင်တူလှဲလိုက်ကြတော့သည်။လှဲလိုက်ကြရာမှ တဖြည်းဖြည်း
မှေးစင်းလာတဲ့
မျက်ခွံတွေက နောက်ဆုံးမှာတော့
နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားကြတော့သည်။At the 7:00 PM....
ပြိုင်တူအိပ်ပျော်သွားကြရာမှ
ညရောက်တဲ့အခါ
ဂျောင်ဂုမှ ဦးစွာနိုးလာတော့သည်။နိုးနိုးချင်း ကုတင်ရဲ့ ဟိုဘက်ခြမ်းမှာ
ကွေးကွေးလေးနဲ့ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေရှာတဲ့ ကလေးပေါက်ကိုကြည့်ပီး တချက်ပြုံးလိုက်ကာ.....သူ့ရဲ့ စိတ်အား လန်းလန်းဆန်းဆန်းဖြစ်ဖို့ရာ အတွက် ဂျောင်ဂုတစ်ယောက် ရေချိုးရန် ရေချိုးခန်းထဲကိုဝင်သွားတော့သည်။
A few minutes later.......
ဂျောင်ဂုတစ်ယောက် ရေချိုး
ခေါင်းလျှော်ပီးလို့
ပြန်ထွက်လာတဲ့အချိန်ထိကို မနိုးသေးဘဲ
ခုနကအတိုင်းလေးပဲ
အိပ်ပျော်နေတဲ့ ထယ်ယောင်း....ခေါင်းကို သုတ်နေရင်းနဲ့မှ ထယ်ယောင်းကို နှိုးဖို့ရာ မနှိုးဖို့ရာအတွက်....ဂျောင်ဂုမှာ စဉ်းစားနေတော့သည်
အကြောင်းရင်းကတော့ ဒီညဟာ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးညဖြစ်တာကြောင့်ပဲဖြစ်သည်။
ထို့နောက် ဂျောင်ဂုတစ်ယောက် မင်္ဂလာပွဲကြောင့်ရော ခရီးပန်းတာကြောင့်ရော နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတဲ့ကလေးအား နောက်ဆုံးမှာ မနှိုးတော့
ဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။မင်္ဂလာဦးညမှာ ဘာမှလုပ်စရာမရှိတဲ့အတူတူ
ထယ်ယောင်းဘေးကိုသူပါ ဝင်လှဲပြီးပြန်အိပ်လိုက်တော့သည်။
YOU ARE READING
⭐Wᴏʀᴋᴇʀ Aɴᴅ Eᴍᴘʟᴏʏᴇʀ⭐[Completed]